ဈေးကွက်အတွင်း ခရမ်းချဉ်သီးဈေးကောင်းရ၍ တောင်သူများ အကျိုးအမြတ်ရနေ

Thu, 06/20/2024 - 03:45 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ ကျောက်ဖူး၊ တောမ၊ ကံတောင်ကျေးရွာများမှ ‌တောင်သူများ အနေဖြင့် မိသားစုအပိုဝင်ငွေအဖြစ် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိသည့် ခရမ်းချဉ်သီးကိုပိုမိုစိုက်ပျိုးလာကြကြောင်းသိရသည်။

   ခရမ်းချဉ်သီးကို တစ်နှစ်လျှင် သုံးကြိမ်စိုက်ပျိုးရာ ဇွန်လ၊ သြဂုတ်လနှင့်နိုဝင်ဘာလများတွင် စိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုးရာတွင်ဧကအလိုက်အနည်းငယ်စိုက်ပျိုးပြီး တစ်ပိုင်တစ်နိုင် ပျိုးထုတ်များဖြင့် ပိုမိုစိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်သီးမျိုးအနေဖြင့် ယိုးဒယားမျိုး ၁၁၁ တံဆိပ်နှင့် ၁၀၀ တံဆိပ်နှစ်မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။

   ခရမ်းချဉ်သီးမျိုးစေ့များကို သောင်ပေါ်တွင် အတန်းလိုက် (သို့မဟုတ်) ကြဲပက် ပျိုးထောင်ပြီး ပျိုးပင် ၂၀ ရက်သားခန့်အချိန်တွင် ပြောင်းရွှေ့စိုက်ပျိုးရကြောင်း၊ ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့ ပေါ်ရှိ ခရမ်းချဉ်သီးပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး တောင်သူများထိုက်သင့်သည့် အကျိုးအမြတ် ရလျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA(မန္တလေး)

Local Trade News

Pages