ကချင်ပြည်နယ်ဒေသထွက် ရာသီပေါ် လိုင်ချီးသီးဈေးနှုန်းစျေးကွက်

Thu, 06/20/2024 - 03:52 -- mocadmin

   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်များတွင် ဥယျာဉ်ခြံ များနှင့် အိမ်ခြံဝင်းများ၌ လိုင်ချီးသီး (ဒေသအခေါ် တရုတ်ဇီးသီး/ လေချူသီး) များကို စီးပွားဖြစ်သော် လည်းကောင်း၊ တစ်နိုင်တစ်ပိုင်အနေဖြင့်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိရာ မေလမှစတင်၍ လိုင်ချီးသီးများ ထွက်ပေါ်၍ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ကချင်ပြည်နယ်အတွင်း တွင် အခွံထူပြီးအစေ့ကြီးကာ အသားပါး၍အချဉ်ဓာတ်ကဲသော အမျိုး အစားနှင့် အခွံပါးပြီးအစေ့သေးကာအသားထူ၍ ချိုမွှေးသော အမျိုးအစားဟူ၍ အမျိုးအစားနှစ်မျိုးကို စိုက်ပျိုးလျက်ရှိပြီး ကချင်ပြည်နယ်မှထွက်ရှိသော လိုင်ချီးသီးများအား စားသုံးသူများ ကြိုက်နှစ်သက် သောကြောင့် ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံကုန်သည် များမှ အပင်ပြတ်ဝယ်ယူမှုများရှိသကဲ့သို့ အလုံးရေအလိုက် လက်ကားဝယ်ယူမှုများလည်းရှိရာ အပင် ပြတ်ဝယ်ယူရာတွင် အသီးအမျိုးအစားနှင့်အရေအတွက်အပေါ် မူတည်၍လည်းကောင်း၊ အလုံးရေ အလိုက်ဝယ်ယူရာတွင် အသီးအမျိုးအစားပေါ်မူတည်၍လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် လိုင်ချီးသီးများကို ဒေသတွင်းဈေးများ၊ သစ်သီးဆိုင်များ၊ ဖားကန့်၊ မိုးညှင်း၊ တနိုင်းနှင့် မန္တ‌လေးမြို့တို့သို့ တင်ပို့‌ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ကထက် ဈေးနှုန်းပိုမိုရရှိသောကြောင့် လိုင်ချီးသီးစိုက်ပျိုးရောင်းချသော ပိုင်ရှင်များအနေဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (ကချင်)

Local Trade News

Pages