ဈေးကွက်ဝင် နွေနှမ်း(ဂျပန်နှမ်းဖြူ)စိုက်ပျိုးခြင်းဖြင့် တောင်သူများအကျိုးအမြတ်ရလျက်ရှိ

Thu, 06/20/2024 - 03:48 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ် ကိုင်လျက်ရှိပြီး ဆိပ်ဖြူမြို့ ရွာသစ်အနောက်ပိုင်းရပ်ကွက်ရှိ တောင်သူများသည် ကိုင်းကျွန်းမြေနှင့် ရိတ်သိမ်းပြီးသည့် ကုလားပဲစိုက်ခင်းများ(ကုလားပဲခင်းကျွတ်)တွင် နွေနှမ်း(ဂျပန်နှမ်းဖြူ)မျိုးကို သီး ထပ်သီးနှံအဖြစ် စိုက်ပျိုးဧကပေါင်း၂၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ဂျပန်နှမ်းဖြူကို ရေသွင်းစိုက်ပျိုးရပြီး မတ်လတွင် စတင်စိုက်ပျိုး၍ ဇွန်လဆန်းပိုင်းတွင် ရိတ် သိမ်းရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၅ သိန်းခန့်ကုန်ကျပြီး ပျမ်းမျှ ၁၀ တင်းခန့်ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဂျပန်နှမ်းဖြူ တစ်ဧကလျှင် ငွေကျပ် ၈ သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ဆီစက်လုပ်ငန်းများ၊ ချောက်မြို့နှင့် စလင်း မြို့များသို့ ရောင်းချလျက်ရှိကြောင်းနှင့် ပြည်ပမှလည်းဝယ်ယူမှု ပိုမိုများပြားလာသောကြောင့် ‌တောင်သူများ အကျိုးအမြတ်ပိုမိုရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages