မုံရွာမြို့နယ် ဇွန်လ(ဒုတိယပတ်) ကွမ်းဈေးနှုန်းအခြေအနေ

Thu, 06/20/2024 - 03:50 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း အပိုဝင်ငွေရရှိရန် အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက် ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ် မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မိုးဦးရာသီဖြစ်သည့်အတွက် ကွမ်းအထွက်နှုန်းတိုးကာ ဈေးကွက် အတွင်းသို့ ကုန်ဝင်ရောက်မှုများခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းလျက်ရှိကာ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

Local Trade News

Pages