စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းရွက်ကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းရွက်ကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။
မုံရွာမြို့နယ် ကွမ်းရွက်ဈေးကွက်အနေဖြင့် ယခင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကွမ်းရွက် တစ်ပိဿာလျှင် ကျပ်(၂၅၀၀-၅၀၀၀)ဈေးရရှိပြီး ယခု ၂၀၂၃ ခုနှစ်၊ မတ်လတွင် အရည်အသွေး အပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၇၀၀၀)ထိ ရောင်းချရပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းရွက်စိုက်တောင်သူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)