ပြည်ဘိုကိတ်ပဲသစ်ဝင်ရောက်မှုပိုလာသလို ဈေးလည်းပိုလာခဲ့

Thu, 12/11/2014 - 14:40 -- admin_ygn

   ဒီဇင်ဘာလဆန်း ပြည်ပဲဈေးကွက် သို့ ဘိုကိတ်ပဲသစ်များ ဆက်လက်ဝင်ရောက်ခဲ့သလို တစ်ရက်အိတ် ၃၀ကျော် ၄၀ အတွင်း ဝင်ရောက်လာသလို၊ ဝယ်ယူမှုအနေနဲ့ အခြားတိုင်း သို့တင်ပို့ခြင်းမရှိခဲ့ဘဲ ဒေသတွင်းလက်လီသမားများသာ နေ့စဉ်ဝယ်ယူမှုရှိခဲ့ပါတယ်။ ပဲဈေး နှုန်းမှာ ယခင်နိုဝင်ဘာလကုန်မှာ တစ်တင်း ၁၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာ တစ်တင်း ၁၃၅၀၀ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ပြီး၊ ပဲအဝင်လည်း ယခင်အပတ်ထက်ပိုလာခဲ့ကြောင်းသိရပါတယ်။
  ယခင်နှစ်က  ဒီဇင်ဘာလလယ်မှ ပဲသစ်များဝင်ရောက်ခဲ့ပြီး ယခုနှစ်မှာ ပဲအဝင်စောခဲ့ပေမယ့်   ပဲဈေးကတော့ ယခင်နှစ်ဈေးကို မမီခဲ့ဘူးလို့သိရပါတယ်။ ယခင်နှစ်က ဘိုကိတ်ပဲ သစ်ပေါ်စ အဖွင့်ဈေးမှာ တစ်တင်း ၁၆၁၀၀ ကျပ်ရှိခဲ့ပါတယ်။

ခင်ဆွေဝင်း-ပြည်

Local Trade News

Pages