ပြည်ကြက်သွန်နီဈေးကွက် ဈေးငြိမ်ဆဲ

Thu, 12/11/2014 - 14:42 -- admin_ygn

   ပြည်ကြက်သွန်နီပွဲရုံဈေးကွက်တွင် ကြက်သွန်နီများ ဈေးအကျဘက်သို့သာဦးတည်နေပါတယ်။ မုန့်ဟင်းခါးသုံး ကြက်သွန်နီအသေးဆိုဒ် တစ်ပိဿ   ာ ၇၀ ကျပ်နဲ့ ရောင်းတမ်း အသေး တစ်ပိဿ    ာ ၁၀၀ ကျပ်၊ လတ်စ ၂၀၀ ကျပ်၊ ၂၅၀ ကျပ်၊ ၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပါတယ်။ ဒေသအစုံမှ ဝင်ရောက်လာတဲ့ ကြက်သွန်နီတွေဟာ အရောင်အသွေး ၊ အစို့ပေါက်အထွက်မြန်၊ အထားမခံ စတဲ့အရည်အသွေးများကြောင့် ဈေးနှုန်းကွဲပြားလာခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ (ကြီး) တစ်ပိဿ     ာ  ၄၃၀ ကျပ်မှ ၅၀၀ ကျပ်ထိရှိပါတယ်။
   လက်လီသမားများကတော့(သေး) တစ်ပိဿ    ာ၂၀၀ ကျပ်၊ ၂၅၀ ကျပ်၊ (လတ်) ၃၀၀ ကျပ်မှ ၅၀၀ ကျပ် ထိ၊ (ကြီး) ၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ကြက်သွန်နီ ပွဲရုံများမှာဝင်ရောက်လာတဲ့ ကြက်သွန်တွေဟာ အစို့ပေါက်မြန်ချိန်ဖြစ်လို့ အချိန်မဆွဲဘဲ အရောင်းအဝယ်ဖြစ်အောင်သာရောင်းဝယ်နေရကြောင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ မကွေး၊ ရေနံချောင်း၊ ဆိပ်ဖြူစတဲ့ ကြက်သွန်စိုက်တောင်သူတွေဟာ ပွဲရုံများနဲ့ ချိတ်ဆက်ပြီး ငွေပေါ်ရုံသာရောင်းဝယ်နေရကြောင်းသိရပါတယ်။ 

နီနီဝင်း-ပြည်

Local Trade News

Pages