ပြင်ဦးလွင်မြို့တွင် စတော်ဘယ်ရီသီးများ စတင်ထွက်ပေါ်

Thu, 02/08/2024 - 03:42 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် စတော်ဘယ်ရီသီးနှံကို အဓိကထားစိုက်ပျိုးကြ ပြီး ဝင်ငွေကောင်းမွန်သောသီးနှံတစ်မျိုးဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့နယ်တွင် စတော်ဘယ်ရီသီးနှံကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလမှစတင်၍ မေလ အထိခူးဆွတ်ရကြောင်း၊ ပြင်ဦးလွင်မြို့နယ်တွင်စတော်ဘယ်ရီသီးနှံကို စိုက်ဧက ၂၃၅ ဧက စိုက်ပျိုး နိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်း အနေဖြင့် ၉၆၈.၁၉ ပိဿာထွက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် ကျပ် ၄၅ သိန်းခန့်ဖြစ်ကြောင်း၊ ဇန်နဝါရီလမှစတင်၍ စတော်ဘယ်ရီသီးနှံများ ထွက်ပေါ် နေပြီဖြစ်ရာ စတော်ဘယ်ရီ(ထိုင်ဝမ်+ဂျပန်)အကြွပ်သီး အဖွင့်စျေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ စတော်ဘယ်ရီသီး (ထိုင်ဝမ်အချိုသီး) တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ စတော်ဘယ်ရီသီးနှံထွက်ပေါ်ချိန် ၅ လတာကာလ အတွင်း သီးနှံများလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဝယ်လိုအားထက် ရောင်းလိုအားများပြား သည့်အတွက် စျေးနှုန်းကျဆင်းမှုများ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိကြောင်း တောင်သူနှင့် ကုန်သည်များထံမှ သိရသည်။

   စျေးကွက်အနေဖြင့် ပြည်ပတင်ပို့နိုင်မှုမရှိသေးသော်လည်း ပြည်တွင်းစျေးကွက်သို့ အသီး အစိမ်းအနေဖြင့်သော်လည်းကောင်း၊ ယိုစုံ၊ Jum၊ ဝိုင်စသည့် စားသောက်ကုန်များ ထုတ်လုပ်၍သော် လည်းကောင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages