စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေစပါးများ စတင်ရိတ်သိမ်းနေ

Thu, 06/08/2023 - 09:14 -- comsumer

     စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘို၊ ရေဦး၊ ကန့်ဘလူနှင့်ကသာခရိုင်များတွင် နွေစပါးသီးနှံများ ကို အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ် နွေရာသီကာလ၌ နွေစပါးစိုက်ပျိုးရန် ၃၄၈၀၀၀ ဧက လျာထားခဲ့ရာ ၁၉၇၀၀၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၌ နွေစပါးသီးနှံကို ခရိုင်အလိုက် စိုက်ပျိုးခဲ့ရာ ရွှေဘိုခရိုင်တွင် ၈၁၀၄၈ ဧက၊ ရေဦးခရိုင်တွင် ၃၂၃၃၇ ဧက၊ ကန့်ဘလူခရိုင်တွင် ၂၃၄၀၉ ဧက၊ ကသာခရိုင်တွင် ၂၂၄၄၆ ဧက၊ ဟုမ္မလင်းခရိုင်တွင် ၁၁၃၄၃ ဧက၊ စစ်ကိုင်းခရိုင်တွင် ၈၆၉၈ ဧက၊ မော်လိုက်ခရိုင်တွင် ၇၈၂၃ ဧက၊ ကောလင်းခရိုင်တွင် ၄၂၄၀ ဧက၊ ကလေးခရိုင်တွင် ၃၈၅၇ ဧက၊ ယင်းမာခရိုင်တွင် ၁၀၇၁ ဧက၊ မုံရွာခရိုင်တွင် ၆၉၂ ဧက၊ ခန္တီးခရိုင်တွင် ၃၅ ဧက နှင့် တမူးခရိုင်တွင် ၃ ဧက၊ စုစုပေါင်း စိုက်ဧက ၁၉၇၀၀၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင် ကသာခရိုင် တွင် ၁၃၉၈၈ ဧက၊ ဟုမ္မလင်းခရိုင်တွင် ၇၈၄၈ ဧကနှင့် ရွှေဘိုခရိုင်တွင် ၆၃ ဧက၊ စုစုပေါင်း ၂၁၈၉၉ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဦးစီးဌာန၏ (၁၅.၅.၂၀၂၃) ရက်နေ့ထိ စာရင်းများအရ သိရသည်။

DOCA (စစ်ကိုင်း)

 

Local Trade News

Pages