အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒသစ်ကြောင့် ၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပြည်ပပို့ကုန်ထိခိုက် ကျဆင်းနိုင်

Tue, 05/09/2017 - 08:32 -- admin_ygn

    ထိုင်းနိုင်ငံ၏ ပြည်ပပို့ကုန်သည် ၂၀၁၆ခုနှစ် က တိုးတက်မှုရရှိခဲ့သော်လည်း အမေရိကန်နိုင်ငံ အနေဖြင့် ကုန်သွယ်ရေးလိုငွေကို လျှော့ချမည့်အစီ အစဉ်များအား ဆောင်ရွက်မည်ဖြစ်ရာ  ယခုနှစ် တွင် ထိုင်းနိုင်ငံအနေဖြင့် ပြည်ပပို့ကုန်များ ထိခိုက် ကျဆင်းမည့် အလားအလာများရှိပါသည်။ထို့ကြောင့် ပြည်ပပို့ကုန်ကျဆင်းမည့် အခြေ အနေများကို ကာကွယ်နိုင်ရန် ရည်ရွယ်၍ ထိုင်း နိုင်ငံဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် နှင့် ထိုင်းကုန်သည်ကြီးများအသင်းတို့ ပါဝင်သည့် အစိုးရနှင့်   ပုဂ္ဂလိကအဖွဲ့အစည်းများ၏  တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။
အမေရိကန်နိုင်ငံနှင့်   နှစ်နိုင်ငံကုန်သွယ်မှု တွင် အသာစီးရရှိသည့်နိုင်ငံများတွင် ထိုင်းနိုင်ငံ လည်း ပါဝင်ပါသည်။ ထိုင်းနိုင်ငံသည် ၂၀၁၆ ခုနှစ် အတွင်း အမေရိကန်နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုငွေအမေရိကန်ဒေါ်လာ  ၁၉  ဘီလီယံ  (ဘတ် ၆၅၇ ဒသမ ၄ ဘီလီယံ) ရရှိခဲ့ရာ အမေရိကန်နိုင်ငံနှင့် နှစ် နိုင်ငံကုန်သွယ်မှုတွင် အသာစီးရရှိထားသည့် ထိပ်ဆုံး ၁၅ နိုင်ငံအနက် အဆင့် ၁၁ တွင်ရှိပါသည်။ အမေရိကန်နိုင်ငံနှင့်  နှစ်နိုင်ငံ   ကုန်သွယ်မှုတွင် ကုန်သွယ်မှုပိုငွေ   အများဆုံးရရှိသည့်  နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး   အမေရိကန်ဒေါ်လာ  ၃၄၇ ဘီလီယံရရှိခဲ့ပါသည်။ ထို့နောက် ဂျပန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၆၉ ဘီလီယံ၊ ဂျာမနီနိုင်ငံသည် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံ၊ ဗီယက်နမ်နိုင်ငံ သည် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံ၊ မလေး ရှားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ရရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အမေရိ ကန်နိုင်ငံအနေဖြင့် ၎င်းင်း၏ ကုန်သွယ်ရေးမူဝါဒကို ပြုပြင်ပြောင်းလဲမည်ဆိုပါက သွင်းကုန်အပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်း နှင့် ကုန်သွယ်မှုလိုငွေ ကို   လျှော့ချမည့်လုပ်ငန်းစဉ်များသည်   အဓိက ပါဝင်လာမည်ဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့်  အမေရိကန်နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုမှ ရရှိသည့်ပိုငွေသည် အခြား နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျကြောင်း၊ အမေ ရိကန်နိုင်ငံမှ  နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ  အချက် အလက်များကို  တောင်းခံလာပါက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံသို့  တင်ပို့မှုသည် ပြည်ပပို့ကုန် စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာရှိကြောင်း၊ အမေ ရိကန်ကုမ္ပဏီများသည် ထိုင်းနိုင်ငံတွင်လာရောက် ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံ၌ ပြန်လည်တပ်ဆင် မည့် အီလက်ထရွန်းနစ် အစိတ်အပိုင်းများကိုသာ အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံ၏ ပြည်တွင်းအလုပ်အကိုင်ဖန်တီးမှုနှင့် ဝင် ငွေတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် အမေရိကန်လုပ်ငန်းများသည် နိုင်ငံခြား တိုင်းပြည် များတွင် ထုတ်လုပ်၍ အမေရိကန်နိုင်ငံသို့ ပြန် လည်တင်သွင်းခြင်းဖြစ်ကြောင်း၊ အမေရိကန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် ထိုင်းနိုင်ငံက အသာစီး ရရှိနေခြင်းမှာ ထိုင်းဘတ်ငွေတန်ဖိုးကို   မြှင့်တင် ခြင်းနှင့်ပတ်သက်မှုမရှိဘဲ ပုဂ္ဂလိက ကဏ္ဍ၏ စွမ်း ဆောင်နိုင်မှုကြောင့်ဖြစ်ကြောင်း၊    ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာဆုန်ကစ်က ပြောကြား ခဲ့ပါသည်။
ထိုင်းပုဂ္ဂလိကကုမ္ပဏီအချို့သည်   အမေ ရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက် သန်သကဲ့သို့ ထိုင်းအစိုးရအနေဖြင့်လည်း အမေ ရိကန်နိုင်ငံထုတ် လေယာဉ်နှင့် လက်နက်များကို ပိုမိုဝယ်ယူမည့် အစီအစဉ်များရှိကြောင်း၊ အမေ ရိကန်နိုင်ငံသည်   ထိုင်းနိုင်ငံ၏  ပြည်ပပို့ကုန်ကို ထိခိုက်ကျဆင်းစေမည့်  ကုန်သွယ်ရေးမူဝါဒများ ကို ချမှတ်မည်ဆိုပါက ထိုင်းနိုင်ငံအနေဖြင့် အခြား သောဈေးကွက်များကို ထိုးဖောက်တင်ပို့မည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒ  ပြောင်းလဲမည့် အခြေအနေ များကို  မျက်ခြည်မပြတ်   စောင့်ကြည့်လျက်ရှိပြီး ၂၀၁၇ ခုနှစ်တွင် ပြည်ပပို့ကုန်ကဏ္ဍတိုးတက်မှုကို ငါးရာခိုင်နှုန်းရရှိရန် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက    မျှော်မှန်းထားကြောင်း တွေ့ရှိရပါသည်။   

   ကျော်သူရ၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages