တောင်ကိုရီးယား၏ ပထမဆုံး ရေပေါ်လေဆိပ်ကို ပင်လယ်ပြင်တွင် တည်ဆောက်မည်

Fri, 05/20/2022 - 08:11 -- admin_ygn

တောင်ကိုရီးယားနိုင်ငံ၏ ပထမ ဆုံး ကမ်းလွန်ရေပေါ်လေဆိပ်ကို ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် ဘူဆန်မြို့တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက် အရ သိရသည်။အဆိုပါ     ကမ်းလွန်ရေပေါ် လေဆိပ်အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ကိုရီးယားဝမ် ၁၃ ဒသမ ၇ ထရီလီယံ (အမေရိကန်ဒေါ်လာ  ၁၀ ဒသမ ၉၁ ဘီလီယံ) လျာထားကြောင်း သိရသည်။ဘူဆန်မြို့ရှိ အကြီးဆုံးကျွန်းဖြစ် Gadeok ကျွန်းပေါ်တွင် ကမ်းလွန် ရေပေါ်လေဆိပ်သစ်အတွက်   နေရာ ငါးနေရာကို  စိစစ်သုံးသပ်ခဲ့ပြီး ယခု ကမ်းလွန်နေရာတွင်   အပြည်ပြည် ဆိုင်ရာလေဆိပ်သစ် တည်ဆောက်ရန် ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီး ယားနိုင်ငံ မြေယာ၊ အခြေခံအဆောက် အအုံနှင့်  ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။ယခုတည်ဆောက်မည့် ကမ်းလွန် ရေပေါ်လေဆိပ်သည် Gimhae နှင့် Jinhae  လေဆိပ်များနှင့်   နီးကပ်စွာ တည်ရှိမှုကြောင့် မြေသားမတည်ငြိမ်မှု နှင့် လေယာဉ်အသွားအလာ ရှုပ်ထွေးမှု မဖြစ်စေရန်အတွက်လည်း အဓိကထား စဉ်းစား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ လေဆိပ်သစ် စီမံကိန်း တွင်B747-400F အပါအဝင် နိုင်ငံပိုင် ကုန်တင်လေယာဉ်များ အတက်အဆင်း လုပ်နိုင်မည့်  မီတာ ၃၅၀ဝ အရှည်ရှိ လေယာဉ်ပြေးလမ်းလည်း  ပါဝင်မည် ဟုဆိုသည်။လေဆိပ်သစ်စီမံကိန်း အစီအစဉ် အရ ၂၀၂၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို   စတင်ရန် ရည်မှန်း ထားပြီး  တည်ဆောက်ချိန်မှာ  ကိုးနှစ် နှင့် ရှစ်လကြာမြင့်မည်ဖြစ်ကာ ၂၀၃၅ ခုနှစ် ဇွန်လအတွင်း ဖွင့်လှစ်ရန်ဖြစ် ကြောင်း သိရသည်။တောင်ကိုရီးယားနိုင်ငံ၏ ပထမ ဆုံး ကမ်းလွန်ရေပေါ်လေဆိပ် တည် ဆောက်ရေးစီမံကိန်း   အဆင်ပြေ အောင်မြင်ပါက Gadeok-do အပြည် ပြည်ဆိုင်ရာလေဆိပ်မှာ  တောင်ကိုရီး ယားနိုင်ငံ၏  ပင်လယ်ပြင်တွင် တည် ဆောက်ထားသည့် ပထမဆုံး ကမ်းလွန် ရေပေါ်လေဆိပ်တစ်ခု ဖြစ်လာမည်ဟု ဆင်ဟွာသတင်းတွင် ဆက်လက်ဖော်ပြ ထားသည်။
Ref; Xinhua

International Trade News

Pages