တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် OPEC + နိုင်ငံများက ထုတ်လုပ်မှု လျော့ချမည်ဆိုသည့် ကိစ္စများအကြား ဈေးကွက်က ချိန်ညှိနေသဖြင့် လောင်စာဆီဈေးတည်ငြိမ်

Tue, 12/12/2023 - 04:35 -- wtodep

တရုတ်နိုင်ငံ၏ ဝယ်လိုအား အလားအလာ ဆိုးဝါးလာမှုကြောင့် OPEC + နိုင်ငံများက ရောင်းလိုအား တင်းကြပ်ရေးထုတ်လုပ်မှုကို ဆက်လက်လျော့ချမည့်အပေါ် ရင်းနှီးမြှုပ်နှံသူများက ချိန်ဆနေသဖြင့် လောင်စာဆီဈေးနှုန်း တည်ငြိမ်လျှက်ရှိကြောင်း The Times of India သတင်းဌာနက ဆိုသည်။

ဥရောပအနောက်မြောက်ပိုင်းရှိ Brent အုပ်စု၏ ရေနံစိမ်းရှယ်ယာဈေးသည် ၀.၀၆ % ကျဆင်းခဲ့ပြီး တစည်လျှင် အမေရိကန်ဒေါ်လာ ၇၇.၁၅ ပေါက်ကာ အမေရိကန်ရှိ WTI ရေနံစိမ်းရှယ်ယာဈေးသည် ၀.၂၂ % ကျဆင်းခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၂.၁၆ ပေါက်လျှက်ရှိပါသည်။

လောင်စာဆီတင်ပို့သောနိုင်ငံများနှင့် ရုရှားကဲ့သို့ မိတ်ဖက်များ (OPEC +) က ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်အတွင်း လောင်စာဆီထုတ်လုပ်မှုကို တနေ့လျှင် စည်ပေါင်း ၂.၂ သန်းသာ ထုတ်လုပ်ရန် ပြီးခဲ့သည့် သီတင်းပတ်က သဘောတူညီခဲ့ကြသည်။ ယခုသီတင်းပတ်အတွင်း ရုရှားနှင့် ဆော်ဒီတို့က မတ်လအကုန်တွင် လောင်စာဆီလျော့ချထုတ်လုပ်မှုကို ဆက်လက်ဆောင်ရွက်ခြင်း (သို့မဟုတ်) ပိုမိုလျော့ချခြင်းတို့ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ အဆိုပါဆုံးဖြတ်ချက်များသည် ဈေးကွက် လှုံ့ဆော်မှုကို အားနည်းစေကြောင်း လေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။

ကမ္ဘာ့လောင်စာဆီ ဒုတိယအများဆုံးအသုံးပြုသည့် တရုတ်နိုင်ငံ၏ စီးပွားရေး အခြေအနေကြောင့် လောင်စာဆီအသုံးပြုမှုကို ကန့်သတ်မည်ဆိုသည့်သတင်းများကလည်း လောင်စာဆီဈေးနှုန်းအပေါ် ရိုက်ခတ်လျှက်ရှိသည်။ တရုတ်နိုင်ငံ၏ နှစ်လယ်စီးပွားရေးတိုးတက်မှု ဆက်လက်ကျဆင်းခြင်းနှင့် အိမ်ခြံမြေဈေးကွက် ကျဆင်းနေမှုများကြောင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရငွေအဆင့် သတ်မှတ်ချက်ကို ယခင်ကတည်ငြိမ်သည်ဟု သတ်မှတ်ရာမှအနှုတ်လက္ခဏာအဖြစ် သတ်မှတ်ခဲ့ ကြောင်း အေဂျင်စီတစ်ခုကဆိုသည်။

တရုတ်သည် ရေနံစိမ်းတင်သွင်းမှုအပါအဝင် ပဏာမကုန်သွယ်မှုစာရင်းကို ကြာသာပတေးနေ့တွင် ထုတ်ပြန်မည်ဖြစ်ပြီး ပြီးခဲ့သော နိုဝင်ဘာလအတွင်း တရုတ်၏ ပြန်လည်သန့်စင်ရေးလုပ်ငန်းများ ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

ရုရှားသမ္မတ ပူတင်သည် ယူအေအီးနှင့် ဆော်ဒီအာရေဗျတို့သို့ ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့ပြီး လောင်စာဆီနှင့် OPEC + ကိစ္စများကို ဆွေးနွေးမှုများတွင် ပါဝင်ခဲ့ကြောင်း Kremlin က ပြောကြားခဲ့သည်။

Source :       The Times of India

International Trade News

Pages