တရုတ်နိုင်ငံ၏ ကြွေးမြီဂယက်ကြီးမာလာမှုနှင့်အတူ ကြွေးမြီအကြပ်အတည်းဖြစ်ရန် အလားအလာရှိသာ လာအိုနိုင်ငံ

Thu, 11/23/2023 - 03:29 -- wtodep

လာအိုနိုင်ငံသည် ရထားလမ်း ၊ ကားလမ်းနှင့် ရေအားလျှပ်စစ်ဆည်များကို တရုတ်နိုင်ငံမှချေးငွေ ဘီလီယံနှင့်ချီရယူ တည်ဆောက်ပြီးနောက် ၎င်း၏ အများပြည်သူနှင့် သက်ဆိုင်သော ကြွေးမြီသည် ဂျီဒီပီ၏ ၁၀၀ % ကျော်အထိ မြင့်တက်ခဲ့ပါသည်။ ငွေကြေး အကြပ်အတည်းနှင့် ငွေဖောင်းပွမှုတို့ပါ ပေါင်းစည်းလိုက်ပါက လာအိုနိုင်ငံ၏ စီးပွားရေးပြိုလဲနိုင်ခြေသည် များနေပြီးဖြစ်သည်။

လာအိုအစိုးရက အတိုးနှုန်းမြှင့်ပေးခြင်း ၊ ငွေချေးစာချုပ်များရောင်းချခြင်း ၊ အာရှဖွံ့ဖြိုးမှုဘဏ်နှင့် ပူးပေါင်း၍ ကြွေးမြီစီမံခန့်ခွဲမှု နည်းလမ်းများရှာဖွေခြင်း ၊ ပညာရေး၊ ကျန်းမာရေးစသည့် အရေးကြီးဝန်ဆောင်မှုလုပ်ငန်းများ၏ အသုံးစရိတ် လျော့ချခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 တရုတ်နိုင်ငံနှင့် ပြတ်ပြတ်သားသား ကြွေးမြီလျော့ချရေး သဘောတူညီချက်မရှိပါက လာအိုနိုင်ငံ ၏ငွေကြေးအကြပ်အတည်းများသည် သက်သာဖွယ်မရှိဟု လေ့လာသုံးသပ်သူများက သတိပေးသည်။ တရုတ်နိုင်ငံက လာအိုကြွေးမြီအပေါ် ကာလရှည်ချေးငွေအဖြစ် သတ်မှတ်ခြင်း၊ အတိုးနှုန်း လျော့ချပေးခြင်းတို့ကို ရာသီဉတုဗဟိုပြုနည်းလမ်းအဖြစ် ခွင့်ပြုပေးပါက လာအိုနိုင်ငံကလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးမူဝါဒများကို အပြန်အလှန်အားဖြင့် ကျင့်သုံးလာနိုင်ပါသည်။ သို့သော် ပေကျင်းအနေဖြင့် သဘောတူညီနိုင်ခြင်း ရှိ / မရှိကို စောင့်ကြည့်ရန် လိုအပ်နေသေးပါသည်။

တရုတ်နိုင်ငံသည် လာအိုနိုင်ငံအား ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ ကြွေးမြီများကို ရွေ့ဆိုင်းပေးချေရန် (deferred Payment) သတ်မှတ်ခဲ့ပါသည်။ အင်ဒို-ပစိဖိတ်ဖွံ့ဖြိုးမှုဗဟိုမှ အကြီးတန်းစီးပွားရေးပညာရှင်တစ်ဉီးက တရုတ်နိုင်ငံ၏အလေ့အထများအရ တရုတ်သည် ၎င်း၏ကြွေးမြီများ အပေါ် ရေတိုသက်သာခွင့် ပေးလေ့ရှိကြောင်း ကောက်ချက်ချခဲ့သည်။

CNBC သတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်သွယ်မေးမြန်းရာတွင် တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာနှင့် ဇမ်ဘီယာနိုင်ငံတို့၏ ကြွေးမြီများကိုလျော်ပစ်ရန် အစီအစဉ်မရှိကြောင်း၊ လာအိုနိုင်ငံအတွက်လည်း လျင်မြန်စွာ ဆောင်ရွက်ပေးရမည့် ကိစ္စများရှိကြောင်း ၊ တရုတ်-လာအို ဆက်ဆံရေးခိုင်မာမှုသည် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ အင်အားကြီးထွားလာမှုအပေါ် တရုတ်၏ အနေအထားတစ်ခုကို  ပြသခြင်းဖြစ်ကြောင်း၊တရုတ်နှင့်လာအိုတို့၏ ဆိုရှယ်လစ်စနစ်ကို လက်ခံသော နိုင်ငံများဖြစ်ခြင်းက သီးခြားအကြောင်းအရာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုကျိုတက္ကသိုလ်မှ ပါမောက္ခ Poshiro Nishizawa က တရုတ်ဘဏ်များသည် အလုပ်မဖြစ်သော ပိုင်ဆိုင်မှုများ (non performing assests )ကို အလိုမရှိသကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မယုံ ကြည်ရသော ငွေချေးသူလည်း မဖြစ်လိုကြောင်း ၊ ထို့ကြောင့်လာအိုက အကြွေးမဆပ်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

အချို့သတင်းဌာနများက လာအိုအနေဖြင့် ကြွေးမြီများကို အချိန်မီမပေးဆပ်နိုင်ပါက ပေကျင်းကလာအို၏ အခြေခံအဆောက်အဉီများကို သိမ်းယူမည့် ကြွေးမြီထောင်ချောက်အဖြစ် သတိပေးခြင်း များလည်းရှိခဲ့ပါသည်။အဆိုပါ စိုးရိမ်မှုသည် လာအိုပြည်ပကြွေးမြီများ၏ ၃၇ % ခန့်ဖြင့် တည်ဆောက်ခဲ့သည့် လာအိုအစိုးရပိုင် လျှပ်စစ်ကုမ္ပဏီ  Electricite du laos က တရုတ်အစိုးရပိုင်  China Southern Power Grid နှင့် ၂၅ နှစ် သက်တမ်းရှိ အထူးအခွင့်အရေး သဘောတူညီချက်ကို ၂၀၂၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် တရုတ်ကုမ္ပဏီအနေဖြင့် လာအိုမှလျှပ်စစ်ကိုပြည်ပ သို့တင်ပို့ခွင့် အများစုရရှိခဲ့သည့်နောက်ပိုင်း ကြီးထွား လာခဲ့ပါသည်။

တရုတ်နိုင်ငံသည်  BRI နိုင်ငံများအပေါ် ကြွေးမြီထောင်ချောက် သံတမန်အခင်းအကျင်းလုပ် ဆောင်နေကြောင်း ပြောဆိုမှုများကို အချို့ကျွမ်းကျင်သူများကလည်း  ငြင်းဆိုနေကြပါသည်။ တရုတ်-အာဖရိက သုတေသနဌာနက သီရိလင်္ကာနိုင်ငံသည် တရုတ်နိုင်ငံထက် ဂျပန်၊ ကမ္ဘာ့ဘဏ် နှင့်အာရှဖွံ့ဖြိုးမှုဘဏ်တို့၏ ကြွေးမြီပိုမိုများပြားကြောင်း ၊ လက်ရှိအချိန်ထိ တရုတ်ဘဏ်များက အာဖရိကနိုင်ငံများကို နိုင်ငံတကာခုံသမာဓိရုံးများ၊တရားရုံးများ၌ တရားစွဲဆိုခြင်းများမရှိသေး ကြောင်း၊တရုတ်အစိုးရသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြွေးမြီရေရှည်ချထားပေးရေး နိုင်ငံ အလိုက်သင့်တော်မည့် အဖြေရှာဖွေနေကြာင်း ၊ လာအိုအစိုးရကလည်း စီးပွားရေးအခြေအနေ ဆိုးရွားနေသော်လည်း ရင်းနှီးမြှုပ်နှံမှုနယ်ပယ်အသစ်များ ဖော်ထုတ်ရန်နှင့် ကြွေးမြီပေးဆပ်ရေးကို ပြန်လည်ပြင်ဆင်၍ သဘောတူညီချက်ရရှိရန် မညှိနှိုင်းသရွှေ့ ခက်ခဲနေမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ စီးပွားရေးပညာရှင်က လက်ရှိကြွေးမြီပြသာနာအပေါ်  ညှိနှိုင်းဆွေးနွေးမှုများသည် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး  S & P Global Market Intelligence က လာအိုအနေဖြင့် နိုင်ငံဝင်ငွေရရှိရန် အလွန်အကျွံ အခွန်ကင်းလွတ်ခွင့်များအား လျော့ချကာ အခွန်/အခများ တိုးမြင့်ကောက်ခံရေး ၊ အသုံးစရိတ်ပိုင်းတွင် အစိုးရပိုင် လုပ်ငန်းများမှ နိုင်ငံတော်သို့ပြန်လည်ပေးသွင်းမှု ၊ချေငွေရယူမှုများကို တင်းကြပ်စွာဆောင်ရွက်ရေး ၊နိုင်ငံတော် အသုံးစရိတ်များကို ထိရောက်စွာအသုံးပြုရေး ၊ငွေကြေးကဏ္ဍ အားကောင်းစေရေး၊ ပို့ကုန်တိုးမြင့်ရေးနှင့်စီးပွားရေး လုပ်ငန်းများအားမြှင့်တင်ပေးရေးတို့ကို ဆောင်ရွက်သွားရန်တို့ကို အကြံပြု ထားပါသည်။

International Trade News

Pages