ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသည့်အစုရှယ်ယာများ၏ ရှယ်ယာများ အနိမ့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ

Fri, 06/23/2017 - 03:26 -- admin_ygn

      ရန်ကုန်  စတော့အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသည့် အစုရှယ်ယာ များ၏ ရှယ်ယာများကို အနိမ့်ဈေးဖြင့် သာ ရောင်းဝယ်လျက်ရှိကြောင်းရန်ကုန် စတော့အိတ်ချိန်း၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ထို့ပြင် အဆို ပါ အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသည့်အစုရှယ်ယာ ကုမ္ပဏီများအနက်မှ MCB နှင့် MTSH တို့သည် ၎င်းတို့၏ အမြတ်ဝေစုများကို ပေးအပ်ရန် စီစဉ်လျက်ရှိ သဖြင့် အစုရှယ်ယာရောင်းဝယ်သူူများအနေဖြင့် သတိပြု၍ ရောင်း ဝယ်ကြရန် လိုအပ်ကြောင်း အစုရှယ်ယာဈေးကွက် အတွင်း အချင်းချင်း သတိပေးလျက်ရှိသည်ဟု ဈေးကွက်အတွင်းမှသိရသည်။ "ဒီတစ်ပတ်ထဲမှာ အစုရှယ်ယာ အရောင်းအဝယ်က တော်တော်လေးကို နည်းတယ်။ ဈေးကလည်း ကျနေတော့ အဝယ်ရှိတာတောင်ရောင်းမယ့်သူကနည်းတယ်။ ဒါကြောင့် အရောင်းအဝယ်ပမာဏကျသွားတယ်။ ဒါ့အပြင် MCB နဲ့ MTSH တို့က အမြတ်ဝေစုတွေ ခွဲပေးဖို့ စီစဉ်နေကြတဲ့အတွက် အရောင်းအဝယ်က အေးသွားတ ယ်။ ရောင်းဝယ် တဲ့သူအချင်းချင်းလည်း လက်တို့ကြတယ်။ အမြတ်ဝေစုတွေ ပေးတော့မယ် ဆိုတဲ့အတွက် ရောင်းမှား ဝယ်မှားဖြစ် ကြမှာစိုးလို့ပါ"ဟု အစုရှယ်ယာဈေး ကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေ သူတစ်ဦးကပြောကြားခဲ့ သည်။ ယခုသီတင်းပတ်အတွင်း အစုရှယ်ယာတစ်စုလျှင် FMI က ကျပ် ၁၄၅၀၀၊ MTSH ကျပ် ၃၈၀၀၊ MCB က  ကျပ် ၉၂၀၀၊ FPB က ကျပ် ၂၇၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

 

မယ်သီတာ

Local Trade News

Pages