ရွှေဘိုဈေးကွက်၌ နွေနှမ်းနက်ဈေးနှုန်းကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်

Mon, 07/01/2024 - 10:50 -- mocadmin

  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုဈေးကွက်သို့ ဇွန်လ၊ ပထမပတ်မှစတင်၍ နွေနှမ်း(အနက်)များ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇွန်လ၊ တတိယပတ်အတွင်း နှမ်းနက် ၁၃၅၀၀ တင်း၊ တန်အားဖြင့် ၃၃၁ တန် ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်ခဲ့သည်။

   ရွှေဘိုမြို့နယ်၌ ယခုနှစ်တွင် နွေနှမ်းများ စတင်စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့ပြီး ရိတ်သိမ်းချိန်တွင်လည်း ရာသီဥတုကောင်းမွန်သည့်အတွက် အထွက်နှုန်းများ ကောင်းမွန်ကြောင်း၊ ဈေးနှုန်းမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုမိုကောင်းမွန်လာသောကြောင့် နွေနှမ်းစိုက်ပျိုးသည့် တောင်သူများမှာ အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိပြီး ရွှေဘိုဈေးကွက်သို့ နွေနှမ်းများ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages