နိုဝင်ဘာလနောက်ဆုံးပတ်ရဲ့မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်တွင် ဒေသသုံးပဲအချို့ဈေးတက်လာ

Tue, 12/05/2017 - 07:10 -- admin_ygn

     နိုဝင်ဘာလနောက်ဆုံးပတ်ရဲ့  မုံရွာကုန်စည်ဒိုင်ဈေး ကွက်တွင် ပဲဈေးကွက်မှာ ဝယ်လိုအားကောင်းတဲ့ ဒေသသုံးပဲ များဖြစ်ကြတဲ့ ပဲကြီး၊ ပဲပုပ်စေ့၊ ပဲနီလုံးကြားများ ဈေးတက်ခဲ့တာ တွေ့ရပါတယ်။ ဒေသတွင်း လက်လီအသုံး များသည့် ပဲနီလုံး ကြားမှာ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် ကျပ် ၄၇၅၀၀ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး တစ်ရက်အိတ် ၁၅၀ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပဲပုပ်စေ့မှာလည်း တစ်တင်းလျှင်ကျပ် ၄၃၇၀၀ထိဈေးရရှိခဲ့ပြီး တစ်ရက်အိတ် ၁၅၀ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်မှသိရှိရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၃၄၀၀၀ ၊ 929 တစ်တင်းလျှင် ကျပ် ၃၀၀၀၀နှင့်ထိုင်ဝမ် တစ် တင်းလျှင် ကျပ်  ၃၀၅၀၀ ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်း ခဲ့ပြီး တစ်ရက် ၅၀၀ခန့်ဖြင့် အရောင်းအဝယ်အေးသွားကြောင်း ကုန်သည်ရပ်ကွက်မှသိရှိရပါသည်။
      ယခုတစ်ပတ် မတ်ပဲဈေးကွက်မှာတော့ ဒေသတွင်းဝယ် လက်အနည်းငယ်ရှိသောကြောင့်   အမြင့်ဆုံးဈေးတစ်တင်း လျှင်ကျပ် ၁၈၅၀၀ ထိရှိခဲ့ပြီး  တစ်ရက်လျှင်  အိတ် ၃၀၀ခန့် အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ ကုန်သည် ရပ်ကွက်မှ သိရှိရပါတယ်။ပဲစင်းငုံဈေးကွက်မှာတော့ တစ်တင်းလျှင်ကျပ် ၁၀၀၀၀  ဖြင့် ဈေးနှုန်းအတက်အကျရှိခဲ့ပြီး  တစ်ရက်အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်မှ သိရှိရ ပါတယ်။ယခုတစ်ပတ် ပဲတီ စိမ်းသီးနှံမှာ စိမ်းကြီး တစ်တင်း လျှင် ကျပ်၂၆၀၀၀ နှင့် စိမ်းသေးတစ်တင်း ကျပ် ၂၇၀၀၀ဖြင့် ပဲသစ် များအနည်းငယ်ဝင်ရောက်လာပြီး တစ်ရက်လျှင်အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။
        အခြား ပဲမျိုးစုံဈေးကွက်မှာ ပဲသစ်စိုက်ပျိုးချိန်ရာသီဖြစ် လို့ ပဲဟောင်းလက်ကျန်နည်းချိန်ဖြစ်ရာ ဒေသသုံးပဲအချို့ ဈေး ဆက်လက်မာနေတာကို တွေ့ရှိရပါတယ်။ ပဲကြီးတစ်တင်း လျှင် ကျပ် ၇၀၀၀၀-ကျပ် ၇၃၀၀၀ မြေေ ထာက်ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀၊ ပုဂံပဲတစ်တင်းလျှင်ကျပ် ၄၀၀၀၀ ၊ စွန်တာနီ တစ်တင်းကျပ် ၄၅၀၀၀ ၊ ပဲလွန်းဖြူတစ်တင်းကျပ် ၃၆၀၀၀၊ ပဲလွန်းပြာတစ်တင်းကျပ် ၃၂၀၀၀ ဖြင့် အသီးသီးပေါက်ဈေး ဖြစ်ပေါ်ခဲ့ပြီး အရောင်း အဝယ်အားဖြင့်ပုံမှန်ဖြစ်ခဲ့တယ်လို့မုံရွာ ကုန်စည်ဒိုင်ရပ်ကွက်မှလေ့လာသိရှိရပါတယ်။

 

လင်းလင်းသန့်

Local Trade News

Pages