နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးအတွက် လမ်းစဉ်ချမှတ်ရန် အမေရိကန်နှင့်တရုတ်နိုင်ငံသမ္မတနှစ်ဦးတွေ့ ဆုံမည်

Wed, 04/05/2017 - 08:59 -- admin_ygn

          လာမည့် သီတင်းပတ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်တို့ ပထမဆုံးအကြိမ်အဖြစ်  တွေ့ဆုံမည် ဖြစ်ရာ  ထိုတွေ့ဆုံပွဲတွင် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးကိစ္စများ ချမှတ်နိုင် ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း အိန္ဒိယတူဒေးသတင်းတွင် ဖော်ပြသည်။ ဧပြီ ၆ ရက်နှင့် ၇ ရက်တို့တွင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် Mar-a-Lago တွင် တရုတ်နိုင်ငံသမ္မတရှီနှင့် တွေ့ဆုံဆွေးနွေး ရန် အမေရိကန်သမ္မတ ထရမ့်ကစီစဉ်ထားသည်။ တရုတ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာလုပ်ရပ်များသည် တရားမျှတမှုမရှိဟုဆိုကာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ထရမ့်က ဆုံးဖြတ်ထားသည့်အတွက် သမ္မတနှစ်ဦး ၏တွေ့ဆုံပွဲကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားလျက်ရှိသည်။ ထရမ့်က တရုတ် နိုင်ငံကို  ငွေကြေးဈေးကစားသူအဖြစ် စွပ်စွဲခဲ့သော်လည်း ဇန်နဝါရီတွင် သမ္မတရာထူးကို   စတင်တာဝန်ထမ်း ဆောင်ပြီးနောက်ပိုင်းတွင်မူ လေသံ ပြောင်းသွားသည်။
       ရှီနှင့် ထရမ့်တို့၏ တွေ့ဆုံပွဲသည် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးအတွက် လမ်းကြောင်းကို ဖော်ဆောင် ပေးနိုင်လိမ့်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ထားကြောင်း တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zheng Zeguang က သတင်းထောက်များကို ပြောသည်။ အပြည်ပြည်ဆိုင်ရာ အခြေအနေ က ခက်ခဲနက်နဲပြီး ရှုပ်ထွေးသော ပြောင်း လဲမှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အတွက် ယခုတွေ့ဆုံဆွေးနွေးပွဲက ခေတ် သစ်တွင် တရုတ်-အမေရိကန် ဆက်ဆံ ရေးလမ်းကြောင်းကို ချမှတ်ရာတွင်  ထူးခြားသောအသွင်ကို ဆောင်လိမ့် မည်ဟု Zheng ပြောသည်။
      သမ္မတနှစ်ဦးသည်  နားလည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် အဓိကကျသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာရေးရာကိစ္စများကို နက် နက်ရှိုင်းရှိုင်းအမြင်ချင်း ဖလှယ်ကြမည်ဖြစ်ကြောင်းသူကပြောသည်။ တရုတ်နိုင်ငံ၏ မဟာမိတ် မြောက်ကိုရီးယားနိုင်ငံ၏  နျူကလီးယားနှင့် ဒုံးပျံအစီအစဉ်များကို ရပ်ဆိုင်းရေးအတွက် တရုတ်အစိုးရက အရေးယူဆောင်ရွက်လာေ အာင် ထရမ့်က ရှီကျင့်ဖျင်အား ဖိအားပေးလိမ့်မည်ဟုလည်း ခန့်မှန်းထားကြသည်။ ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံနှင့် အမေရိကန်သမ္မတ နှစ်ဦးတို့သည် ဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း အဆက်အသွယ် ပြု လုပ်ခဲ့ပြီး အရေးကြီးသော ကိစ္စရပ်များအတွက် သဘောတူညီမှု ရရှိထား ပြီး ဖြစ်သည်။ အထူးသဖြင့် တရုတ် (တိုင်ပေ)နှင့်  တိဗက်ဒေသတို့သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံသော 'One China' မူဝါဒလ ည်း ပါဝင်ကြောင်း Zheng ပြောသည်။

International Trade News

Pages