စီးပွားရေးပြန်လည်ကောင်းမွန်စေမည့် ထိုင်းအစိုးရ၏ခြေလှမ်းသစ်များ

Thu, 08/22/2019 - 06:38 -- admin_ygn

    အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် ထိုင်းစီးပွားရေးနှေးကွေးမှုမှ တားဆီး ကာကွယ်ရန် ထိုင်းအစိုးရ၏ အဓိကစီးပွားရေးနှင့် သက်ဆိုင်သောဌာနနှစ်ခုမှ ထိရောက်သော အစီအမံ များ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းဗဟိုဘဏ်က လေးနှစ်တာကာလအတွင်း လက်ရှိအတိုးနှုန်းကိုအခြေခံနှုန်း  သုည  ဒသမ  ၂၅ ရာခိုင်နှုန်း လျှော့ချလိုက်စဉ်မှာပင် ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့် အစိုးရဌာနများကို ၎င်းတို့၏ ရင်းနှီး မြှုပ်နှံမှု စီမံကိန်းလုပ်ငန်းများအတွက် ဘတ်ငွေဘီလီယံ  ၁၃၀ ထပ်မံဖြည့်သွင်း အားဖြည့်ပေးမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဘဏ္ဍာရေးဝန်ကြီး UttamaSavanaya က အစိုးရ စီးပွားရေးဆိုင်ရာ မူဝါဒ ရုံး State Enterprise policy Office (SEPO) အား အစိုးရ၏ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ယခုနှစ်အကုန်တွင် လျာထားသတ်မှတ်ချက်အတိုင်း ပြီးစီးစေရေးအတွက် နောက်ထပ် ဘဏ္ဍာငွေဘတ်ဘီလီယံ ၁၃၀ အား အမြန်ဆုံး ခွဲဝေချထားပေးရန် ပြောကြားခဲ့သည်။

       အလားတူဗဟိုဘဏ်အနေဖြင့်လည်း စီးပွားရေး ကို ပြန်လည် မြှင့်တင်အားကောင်းလာစေရန် အခြား အဓိက ဗဟိုဘဏ်များကဲ့သို့  ၎င်းင်း၏ အတိုးနှုန်းကို ရုတ် တရက်လျှော့ချခဲ့သည်။  ငွေကြေးမူဝါဒ  ကော်မတီ အနေဖြင့် လွန်ခဲ့သောနှစ်ဒီဇင်ဘာလ အတိုးနှုန်း မတက်မီ နှုန်းထားဖြင့် နှိုင်းယှဉ်ကာကော်မတီအတွင်း ၅-၂ ဆန္ဒမဲဖြင့် အတိုးနှုန်းကို လက်ရှိ ၁ ဒသမ ၇၅ ရာခိုင်နှုန်းမှ ၁ ဒသမ ၅  ရာခိုင်နှုန်း လျှော့ချခဲ့သည်။ ကော်မတီအနေဖြင့် ထိုင်းစီးပွားရေးကို အရင်က ထက် တဖြည်းဖြည်းတိုးတက်စေဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ အကြောင်းမှာပြည်ပပို့ကုန်တင်ပို့မှုကျဆင်းခြင်းက ပြည်တွင်းဝယ်လိုအားကိုလည်း ထိခိုက်စေခဲ့ခြင်းကြောင့် ဖြစ်သည်။ ပို့ဆောင်ရေးဝန်ကြီး SaksayamChidchob က မစ္စတာဆုန်ကစ်အနေဖြင့် အစိုးရဌာနများအား ရင်းနှီး မြှုပ်နှံမှုပြုလုပ်ရန် ပျက်ကွက်သည့် ဘတ်ဂျက်ငွေများ အား ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်းနှင့် အစိုးရဘဏ်တိုက်သို့ ပြန်လည်ပေး သွင်းသွားရန် ရာဇသံပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

      SEPO ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Charnwit Nakburi က ယခုနှစ်အတွင်းအစိုးရ စီးပွားရေးဌာန ၄၅  ခု၏ ရင်းနှီးမြှုပ်နှံမှုမှာ ဘတ်ငွေ ၃၂၉ ဘီလီယံ ရှိလာမည်ဖြစ်ကြောင်း၊ ၎င်းတို့အနက် အချို့သော ဘတ်ငွေ ၁၂၉ ဘီလီယံ (သို့မဟုတ်) ၈၇ ရာခိုင်နှုန်း မှာ ယမန်နှစ် အောက်တိုဘာလမှ ယခုနှစ် ဇွန်လအတွင်း သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနဝန်ကြီး Jurin Laksanavisit က အစိုးရပုဂ္ဂလိကနှင့် ဆီအုန်းစိုက်ပျိုးသူများ တွေ့ဆုံသည့် အစည်းအဝေး တွင် အိမ်ထောင်တစ်စုလျှင် အမြင့်ဆုံး 25 rai ဖြင့် ဆီအုန်း သီးတစ်ကီလိုဂရမ်လျှင် လေးဘတ်ဖြင့် အာမခံ ဈေးနှုန်း သတ်မှတ်ချက်အား သဘောတူခဲ့ကြကြောင်း ပြောကြားခဲ့သည်။              

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages