ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုသည်မှာ အဘယ်နည်း။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုသည်မှာ နိုင်ငံများအကြား ကုန်သွယ်မှုစည်းမျဉ်းများနှင့် ပတ် သက်၍ သဘောတူညီချက်ထားရှိသည့် ကမ္ဘာနိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ တစ်ဝှမ်း ကုန်သွယ်မှုပြုလျက်ရှိသည့်နိုင်ငံအများစု (ကုန်သွယ်မှုတွင် ပါဝင်သည့် အင်အားကြီး နိုင်ငံများနှင့် ကုန်သွယ်မှုဝေစုများသည့်နိုင်ငံများကို ဆိုလိုပါသည်) မှ ၎င်းတို့၏ ပါလီမန်များတွင် အတည်ပြုပြီး စေ့စပ်ညှိနှိုင်းလက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များသည် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ အဓိကအသက်သွေးကြောပင် ဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်မှာ ကုန်စည်နှင့် ဝန်ဆောင်မှု ထုတ်လုပ်သူများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရ