ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆိုသည်မှာ အဘယ်နည်း။

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်အတွက် ရိုးရှင်းလွယ် ကူစေခြင်း၊ ခေတ်မီတိုးတက်စေခြင်း နှင့် ပို့ကုန်/သွင်းကုန်ဆိုင်ရာလုပ်ငန်းစဉ် သဟဇာတ ဖြစ်စေရေး ထွက်ပေါ်လာသည့် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် ဘာလီ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ဆိုင်ရာဝန်ကြီးများညီလာခံတွင် ဆွေးနွေး အတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ ၃ ပုံ ၂ ပုံခန့် အတည်ပြု သတ်မှတ်ပြီးနောက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် နေ့တွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ကို စတင် အသက်ဝင်စေခဲ့ပါသည်။ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်တွင် ကုန်စည် များ တစ်ဆင့်ဖြတ်ကုန်သွယ်ခြင်း အပါအဝင် ကုန်စည်စီးဆင်းမှုကိုအရှိန်မြှင့်တင်ရန်၊ ကုန်စည်များ ခွင့်ပြုခြင်းနှင့် ရှင်းလင်းခြင်းအပြင် အကောက်ခွန်ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး အစီအမံများ/ ပြဋ္ဌာန်းချက်များ ပါဝင်ပါသည်။ အကောက်ခွန်နှင့် အခြား ဆက်စပ်အာဏာပိုင်များကြား ကုန်သွယ်မှု ပံ့ပိုးကူညီခြင်းနှင့် အကောက်ခွန် လိုက်နာမှုဆိုင်ရာ ကိစ္စရပ်များအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများရှိစေရန် အစီအမံများကိုလည်း ချမှတ်ထားပါသည်။