ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အငြင်းပွားမှုဖြေရှင်းရေးဆိုသည်မှာ အဘယ်နည်း။

အငြင်းပွားမှုဖြေရှင်းရေးနားလည်မှုအောက်ရှိ ကုန်သွယ်ရေးပဋိပက္ခများကိုဖြေရှင်းရန်  ကမ္ဘာကုန်သွယ်ရေးအဖွဲ့၏ လုပ်ထုံးလုပ်နည်းသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံး ရန်နှင့် ကုန်သွယ်မှုကို ချောမွေ့စွာစီးဆင်းစေရန် အရေးကြီးပါသည်။ အစိုးရများသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သဘောတူညီချက်များအောက်ရှိ ၎င်းတို့၏အခွင့်အရေးများ ကို ချိုးဖောက်ခံနေရသည်ဟု ယူဆပါက  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံသို့ အငြင်းပွားမှုများ တင်ပြနိုင် ပါသည်။ အထူးခန့်အပ်ထားသောအမှီအခိုကင်းသည့်ကျွမ်းကျင်သူများ၏ စီရင်ဆုံးဖြတ်မှုသည် သဘောတူညီချက်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အဖွဲ့ဝင်တစ်ဦးချင်းစီ၏ သီးခြားကတိကဝတ် များ အပေါ်တွင် အခြေခံပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားမှုဖြေရှင်းရေး စနစ်သည် အဖွဲ့ဝင်များအား အချင်းချင်းတိုင်ပင်ဆွေးနွေးခြင်းအားဖြင့် ၎င်းတို့၏ မတူညီမှုများကို ဖြေရှင်းရန် အားပေးသည်။ အကယ်၍ မဖြေရှင်းနိုင်ပါက  ကျွမ်းကျင်သူအဖွဲ့မှ စီရင်ချက်ချနိုင်ခြေနှင့် ဥပဒေ ကြောင်းအရ စီရင်ချက်ကို အယူခံဝင်နိုင်သည့် အခွင့်အရေးများအပါအဝင် အဆင့်ဆင့်သော လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာဆောင်ရွက် ရပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို စတင်တည်ထောင်ချိန်မှစ၍   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံသို့ တင်သွင်းသည့် အမှုအရေအတွက် ၅၀၀ ကျော် နှင့် GATT (၁၉၄၇-၉၄) ၏သက်တမ်းတစ်လျှောက်လုံးတွင် ဖြစ်ပွားခဲ့သော အငြင်းပွားမှု ၃၀၀ ကို နှိုင်းယှဉ်ခြင်းအားဖြင့် စနစ်အပေါ်ယုံကြည်မှုကို ဖြစ်ပေါ်စေပါသည်။