ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ကုန်သွယ်မှု မူဝါဒလေ့လာဆန်းစစ်ခြင်းဆိုသည်မှာ အဘယ်နည်း။

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်အတွက် ရိုးရှင်းလွယ် ကူစေခြင်း၊ ခေတ်မီတိုးတက်စေခြင်း နှင့် ပို့ကုန်/သွင်းကုန်ဆိုင်ရာလုပ်ငန်းစဉ် သဟဇာတ ဖြစ်စေရေး ထွက်ပေါ်လာသည့် အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် ဘာလီ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ဆိုင်ရာဝန်ကြီးများညီလာခံတွင် ဆွေးနွေး အတည်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ ၃ ပုံ ၂ ပုံခန့် အတည်ပြု သတ်မှတ်ပြီးနောက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် နေ့တွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ကို စတင် အသက်ဝင်စေခဲ့ပါသည်။ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်တွင် ကုန်စည် များ တစ်ဆင့်ဖြတ်ကုန်သွယ်ခြင်း အပါအဝင် ကုန်စည်စီးဆင်းမှုကိုအရှိန်မြှင့်တင်ရန်၊ ကုန်စည်များ ခွင့်ပြုခြင်းနှင့် ရှင်းလင်းခြင်းအပြင် အကောက်ခွန်ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး အစီအမံများ/ ပြဋ္ဌာန်းချက်များ ပါဝင်ပါသည်။ အကောက်ခွန်နှင့် အခြား ဆက်စပ်အာဏာပိုင်များကြား ကုန်သွယ်မှု ပံ့ပိုးကူညီခြင်းနှင့် အကောက်ခွန် လိုက်နာမှုဆိုင်ရာ ကိစ္စရပ်များအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများရှိစေရန် အစီအမံများကိုလည်း ချမှတ်ထားပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ကုန်သွယ်မှု မူဝါဒလေ့လာဆန်းစစ်ခြင်းဆိုသည်မှာ အဘယ်နည်း။
အမျိုးသားအဆင့် ကုန်သွယ်မှု မူဝါဒများကိုစောင့်ကြည့်လေ့လာခြင်းသည် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ ၏ လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် အခြေခံကျသည့်အရေးပါသောလုပ်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ လုပ်ငန်းစဉ်တစ်ခုလုံး၏ အဓိကအချက်မှာ ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်း ယန္တရား (TPRM) ဖြစ်ပါသည်။ အဖွဲ့ဝင်တိုင်းသည် ကုန်သွယ်မှု မူဝါဒလေ့လာဆန်းစစ်မှုပြုလုပ် ရမည် ဖြစ်ပြီး  လေ့လာဆန်းစစ်မှုအကြိမ်ရေသည် ကမ္ဘာ့ကုန်သွယ်မှုဝေစုအရ ကွဲပြားပါသည်။

၁။    ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေး
ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးဆိုသည်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရန် ကြုံတွေ့နေရသော ထုတ်လုပ်နိုင်မှုအဟန့်အတားများကို ဖြေရှင်းပေးခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်မှုစနစ်တွင် ပိုမိုပါဝင်လာနိုင်ရေး ဘက်စုံအလှူရှင်နိုင်ငံများပါဝင်သည့် အစီအစဉ် တစ်ခုဖြစ်ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ မြန်မာနိုင်ငံဆိုင်ရာ Focal Ministry ဖြစ်သည့်အားလျော်စွာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံ ကုန်သွယ်မှုစနစ်တွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)  က ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ များ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးသော The Enhanced Integrated Framework (EIF) အစီအစဉ်တွင် အကျိုးခံစားခံခွင့်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ ပါသည်။
ကုန်သွယ်မှုအကူအညီပေးရေးအပေါ် ကမ္ဘာ့နိုင်ငံများသုံးသပ်မှုပြုလုပ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ခြင်း
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုအကူအညီပေးရေးအပေါ် ကမ္ဘာ့နိုင်ငံများသုံးသပ်မှုပြုလုပ်သည့် အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ရပါ သည်။ 
၂။    ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်
   (က) နောက်ခံအကြောင်းအရာ
   ဂျီနီဗာမြို့တွင် ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အဆင့်မြင့်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ကမ္ဘာ့ ကုန်သွယ်မှုစနစ်တွင် ထိရောက်စွာ ပါဝင်နိုင်ရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး တို့ကို အထောက်အကူပြုနိုင်စေရန် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ကုန်သွယ်မှုဆိုင်ရာနည်းပညာအထောက်အပံ့ပေးရေးမူဘောင်ကို စတင်ချမှတ် အကောင်အထည်ဖော်ရန် စတင်ခဲ့ပါသည်။ 
   ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဟောင်ကောင် (တရုတ်နိုင်ငံ)၌ ကျင်းပပြုလုပ်ခဲ့ သော ဆဌမအကြိမ်မြောက်ဝန်ကြီးများအဆင့်ညီလာခံတွင် အဖွဲ့ဝင်ဝန်ကြီးများမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို အကူအညီပေးနေသော အစီအစဉ်ကို ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဖြည့်တင်းပြီး ပြန်လည်ပြင်ဆင်ရန် သဘောတူညီခဲ့ ပါသည်။ အဆိုပါအစီအစဉ်ကို ဘရပ်ဆဲလ်လုပ်ငန်းအစီအစဉ်နှင့်အညီ ရလဒ်အဓိက ထားသည့် တာဝန်ယူမှုရှိပြီး တုံ့ပြန်မှုကို ပေးစွမ်းနိုင်သော အစီအစဉ်ဖြစ်စေရေး အကောင်အထည်ဖော်လျက်ရှိပါသည်။ 
   ( ခ ) ရည်ရွယ်ချက်
   ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်အရ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အတွက် အောက်ဖော်ပြပါအချက်များကို အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ် ပါသည် -
           ( ၁ )    နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများတွင် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်ရန်၊
           ( ၂ )    ကုန်သွယ်မှုဆိုင်ရာ နည်းပညာများကို ရယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်နိုင် ရန်အတွက် လိုအပ်သော ဆောင်ရွက်မည့် ပုံစံတို့ကို ချမှတ်ထားနိုင်ရန်နှင့် 
           ( ၃ )    ထုတ်လုပ်နိုင်မှုအဟန့်အတားများကို ဖြေရှင်းနိုင်ခြင်းအပါအဝင် ကုန်သွယ်မှု တိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုများ တည်ဆောက်ထားနိုင်ရန်၊
   ( ဂ )        အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အဆင့်များ 
   ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်တွင် ပါဝင်သည့် နိုင်ငံများသည်     အောက်ဖော်ပြပါ အဆင့်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါ     သည် - 
   ( ၁ )    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအကြို             အဆင့်၊
   ( ၂ )    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအဆင့်၊     
   ( ၃ )    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့် (၁) နှင့် 
   ( ၄ )    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့် (၂)။ 
၃။    ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်တွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုများ
ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်ဆွေးနွေးပွဲများ တက်ရောက်ခြင်း
ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်၏ ဒုတိယအဆင့်ကို ပုံဖော်ရာတွင် ကုန်သွယ်မှု ဆိုင်ရာအကူအညီပေးရေးအစီအစဉ်တွင် ပါဝင်သော  ကမ္ဘာ့နိုင်ငံများအကြား အသိပညာမျှဝေခြင်း နှင့် ပြည်တွင်းအတွေ့အကြုံများကို အခြေခံ၍ ဆွေးနွေးတိုင်ပင်ခြင်းလုပ်ငန်းစဉ်၏ အရေးကြီး သော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ရပါသည်။
မျှော်မှန်းရလဒ်များ
-    ဆွေးနွေးပွဲအစီရင်ခံစာတွင် ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေး    အစီအစဉ်၏ ဒုတိယအဆင့်(မူကြမ်း) အဖြစ် ထည့်သွင်းရေးဆွဲနိုင်ရန်၊ 
-    ဆက်လက်စေ့စပ်ညှိနှိုင်းဆွေးနွေးမည့် လုပ်ငန်းစဉ်အတွက် သဘောတူညီချက် ရရှိ ရန်၊ 
နေရာနှင့် ကျင်းပသည့်ပုံစံ
-    ၃ ရက်ကြာအစည်းအဝေးကျင်းပခြင်း၊
-    ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊
-    ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်တွင် ပါဝင်ပတ်သက်နေသူများ     အနေဖြင့် ၎င်းတို့၏ နိုင်ငံအလိုက် အတွေ့အကြုံများကို မျှဝေဆွေးနွေးခွင့်ရရှိခြင်း။
ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခြင်း
ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်အတွက် နိုင်ငံအလိုက် အဓိကတာဝန်ခံများ၊ အမျိုးသားအဆင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးများ၊ အလှူရှင် များ၊ အကူအညီပေးရေးရန်ပုံငွေသို့ ထည့်ဝင်သည့်  မိတ်ဖက်နိုင်ငံများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခွင့်ရရှိပါသည်။ 
၄။    အကောင်အထည်ဖော်ဆောင်ရွက်သည့် အဆင့်များ 
   (က)    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဘက်စုံဆက်စပ်လေ့လာမှုအကြိုအဆင့် အဆိုပါအဆင့်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး အောက်ပါတို့ကို ဆောင်ရွက်ခဲ့ပါသည် - 
       ( ၁ )    အမျိုးသားအဆင့် လုပ်ငန်းဖွဲ့စည်း ပြင်ဆင်ဆောင်ရွက်မှုများကို စနစ်တကျ         ပြင်ဆင်ဆောင်ရွက်ခြင်း၊
   ( ၂ )    နိုင်ငံတော်ကိုယ်စားပြု အနီးကပ်ကြီးကြပ် တာဝန်ယူရမည့် အဓိကပုဂ္ဂိုလ် ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင် ရွက်ခြင်း၊                                                                           
   (၃)     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တာဝန်ခံပံ့ပိုးကူညီ ပေးမည့် အမျိုးသားအဆင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် မည့်အဖွဲ့အား ဖွဲ့စည်းခြင်း၊
   ( ၄ )    ပြည်ပအကူအညီများနှင့် ပတ်သက်၍ လိုအပ်သည့် ပေါင်းစပ်ကူညီမှုများ ပြုလုပ်မည့် အလှူရှင်ချိတ်ဆက်သူအဖြစ် ဥရောပသမဂ္ဂအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊
   ( ၅ )    ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်အတွက် မူဝါဒဆိုင်ရာ လမ်းညွှန်မှုများကို ပြုလုပ်ပေးမည့် အမျိုးသားအဆင့် ကြီးကြပ်လမ်းညွှန်မှု ကော်မတီကို ဖွဲ့စည်းခြင်း၊
   ( ၆ )    ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များအား ကုန်သွယ်မှုဆိုင်ရာအကူအညီ ပေးရေးအစီအစဉ်နှင့်ပတ်သက်သည့် အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ များကျင်းပခြင်း။
( ခ )    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဘက်စုံဆက်စပ်လေ့လာမှုအဆင့်     
       အဆိုပါအဆင့်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာအတွေ့အကြုံရင့်ကျက်သည့် ကမ္ဘာ့ဘဏ် အဖွဲ့ကို အဓိကအကောင်အထည်ဖော်သည့် အဖွဲ့အဖြစ်  တာဝန်ပေးဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါအဆင့်ကို ၂၀၁၅ ခုနှစ်မှစတင်၍ ကမ္ဘာ့ဘဏ်မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ယင်းလုပ်ငန်းစဉ်မှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ ထွက်ရှိလာခဲ့ပါသည်။


( ဂ )    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်အဆင့် (၁) 
       (ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်း)
အဆိုပါအဆင့်၏ စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ဩဂုတ်လမှစတင်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် စီမံကိန်းကာလပြီးမြောက်ခဲ့ပြီး အောက်ပါတို့ကို ဆောင်ရွက်ခဲ့ ပါသည် -
       ( ၁ )    သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလှူရှင်တို့ထောက်ပံ့ပေးနိုင်သည့် လုပ်ငန်းစဉ်များ (Donor Action Matrix) ကို ရေးဆွဲခြင်း၊ 
       ( ၂ )    ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုသင်တန်းများ နှင့် စီမံကိန်းဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းများဖွင့်လှစ်ခြင်း။
   (ဃ)    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်အဆင့် (၂)  
       မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း
   မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်းကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ပါသည် -
   (၁)    ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာစာရင်းအချက်အလက်များ၊ ဝန်ဆောင်မှု ဆိုင်ရာစည်းမျဉ်းများနှင့် ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေး ကုန်သွယ်ရေးဦးစီးဌာနတွင် ကုန်သွယ်မှုဝန်ဆောင်ရေးဌာနခွဲသစ်တစ်ခုဖွဲ့စည်းရန်၊ 
   (၂)    ဝန်ဆောင်မှုကဏ္ဍတွင် ကုန်သွယ်မှုသဘောတူညီချက်များကို ညှိနှိုင်း အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေး မူဝါဒများဆိုင်ရာ မဟာဗျူဟာမူဘောင်တစ်ရပ်ဖော်ဆောင်ရန်နှင့် ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်းများအတွက် အကောင်းဆုံး အလေ့အကျင့် များ ချမှတ်ဆောင်ရွက်ရန်၊ 
   (၃)    ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ ဆောင် ရွက်ရာတွင် လိုအပ်သည့် ဥဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ၊ အစီအမံများ၊ လုပ်ငန်းစဉ်များနှင့် ပုံစံများရယူနိုင်ရန်၊
   (၄)    ICT နှင့် e-commerce ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်အကိုင် ဖန်တီးပေးနိုင်ရေးအတွက် e-commerce မဟာဗျူဟာကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ဆိုင်ရာပန်းတိုင်များနှင့်အညီ ချမှတ်နိုင်ရန်၊ 
   (၅)    ဒီဂျစ်တယ်ကုန်သွယ်ရေးတွင် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ မဟာဗျူဟာမူဘောင်နှင့်အညီ မြန်မာ့ဒီဂျစ်တယ်စီးပွားရေး ဝန်ဆောင်မှုလုပ်ငန်းများကို အားကောင်းစေခြင်းဖြင့် အလုပ်အကိုင်သစ် များဖန်တီးပေးရန်။
ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်၏အောင်မြင်မှုများနှင့် ပုံနှိပ်ထုတ်ဝေမှုများ
အောင်မြင်မှုများ
(၁)    ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအချက်အလက်များဘဏ္ဍာတိုက် တည် ထောင်နိုင်ခဲ့ခြင်း၊
(၂)    အီလက်ထရောနစ်နည်းလမ်းအသုံးပြုကူးသန်းရောင်းဝယ်ခြင်း မဟာဗျူဟာ (မူကြမ်း)     ရေးဆွဲနိုင်ခဲ့ခြင်း၊
(၃)    အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် ထုတ်ပြန်နိုင်ခဲ့ခြင်း၊ 
ပုံနှိပ်ထုတ်ဝေမှုများ
(၁)    ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်ကို ဖော်ပြထားသော လက်ကမ်းစာအုပ်၊
(၂)    ကုန်သွယ်မှုအကူအညီပေးဆိုင်ရာလမ်းညွှန်ချက်၊ 
(၃)     မြန်မာနိုင်ငံကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဘက်စုံဆက်စပ်ဆန်းစစ်လေ့လာမှုအစီရင်ခံစာ၊
(၄)    နှစ်လတ်အစီရင်ခံစာ၊
(၅)    စီမံကိန်းဆိုင်ရာဘဏ္ဍာရေးစီမံခန့်ခွဲမှုလက်စွဲစာအုပ်၊
(၆)    စီမံကိန်းရေရှည်တည်တံ့ရေးနှင့် စီမံကိန်းပြီးပါကဆက်လက်ဆောင်ရွက်မည့် အစီအစဉ်၊
(၇)    စွမ်းဆောင်ရည်လိုအပ်ချက်ဆိုင်ရာအကဲဖြတ်မှုအစီရင်ခံစာ၊ 
(၈)    စွမ်းဆောင်ရည်လိုအပ်ချက်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၊
(၉)    ဝန်ဆောင်မှုနှင့် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက်အစီရင်ခံစာ၊
(၁၀)    မြန်မာနိုင်ငံ၏ အီလက်ထရောနစ်နည်းလမ်းဖြင့် ကုန်သွယ်နိုင်ရန် အဆင်သင့်ဖြစ်မှုအပေါ် ဆန်းစစ်ချက်အစီရင်ခံစာ။