ကုန်စည်ကုန်သွယ်မှုဆိုသည်မှာအဘယ်နည်း။
၁၉၄၇ မှ ၁၉၉၄ ခုနှစ်အထိ ကုန်သွယ်မှုနှင့်အကောက်ခွန်ဆိုင်ရာအထွထွေသဘောတူညီ ချက် (General Agreement on Traiffs and Tade – GATT) သည် အကောက်ခွန်သက်သာစေ ရေးနှင့် အခြားကုန်သွယ်မှုဆိုင်ရာအတားအဆီးများကို ဆွေးနွေးညှိနှိုင်းရန်အတွက် ဖိုရမ်ဖြစ်ပါ သည်။ GATT တွင် အရေးကြီးသောစည်းမျဉ်းများ၊ အထူးသဖြင့် ခွဲခြား ဆက်ဆံခြင်းမပြုရန်နှင့် သက်ဆိုင်သည့်စည်းမျဉ်းများကို ဖော်ပြထားပါသည်။ ၁၉၉၅ ခုနှစ်မှစ၍ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တည်ထောင်ခြင်းဆိုင်ရာ Marrakesh သဘောတူညီ ချက်နှင့် ယင်းသဘောတူညီ၏ နောက် ဆက်တွဲများ (မွမ်းမံထားသော GATT သဘောတူညီချက် များ အပါအဝင်) သည် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ အဓိကလွှမ်းခြုံထားသောသဘောတူညီချက် ဖြစ်လာပါသည်။ သဘောတူညီချက်၏ နောက်ဆက်တွဲအနေဖြင့် လယ်ယာထုတ်ကုန် ကဲ့သို့သော ကုန်စည်များနှင့် သက်ဆိုင်သည့် သီးခြားကဏ္ဍများဆိုင်ရာ သဘောတူညီချက်များနှင့် ထုတ်ကုန်စံနှုန်းများ၊ ထောက် ပံ့ကြေးများနှင့် စုပုံတင်သွင်းခြင်းအား တုန့်ပြန့်သည့် အရေးယူဆောင်ရွက်မှုများ ကဲ့သို့သော သီးခြားကိစ္စရပ်များ ပါဝင်ပါသည်။ ကုန်စည် ကုန်သွယ်မှုနှင့်ပတ်သက်၍ သိသာထင်ရှားသော ထပ်တိုးသဘောတူညီ ချက်တစ်ခုမှာ ၂၀၁၇ ခုနှစ် တွင် စတင်အသက်ဝင်ခဲ့သော ကုန်သွယ်မှုလွယ် ကူချောမွေ့စေရေးသ ဘောတူညီချက် ဖြစ်ပါသည်။