WTO တွင် သွင်းကုန်လိုင်စင်ဆိုသည်မှာ အဘယ်နည်း။

သွင်းကုန်လိုင်စင်ထုတ်ပေးခြင်းနည်းလမ်းများဆိုင်ရာသဘောတူညီချက်တွင် သွင်းကုန် လိုင်စင်ထုတ်ပေးခြင်းလုပ်ထုံးလုပ်နည်းများသည် ကုန်သွယ်မှုအတွက် အတားအဆီးများမဖြစ် ပေါ်စေရန် အသေးစိတ်စည်းမျဉ်းများနှင့် အခြေခံမူများကို ချမှတ်ထားပါသည်။ သဘောတူညီ ချက်တွင် သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းများကို အမျိုးအစားနှစ်မျိုးကို ခွဲခြားထားပါသည်။ ၎င်းတို့မှာ (၁) အလိုအလျောက်သွင်းကုန်လိုင်စင် လုပ်ထုံးလုပ်နည်းများနှင့် (၂) အလိုအလျောက် မဟုတ်သော သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းများ တို့ ဖြစ်ပါသည်။