ဥရောပဒေသကြွေးမြီအကျပ်အတည်းကြောင့် အီးယူဒေသရဲ့ ဝယ်လိုအားကျဆင်းမှာဖြစ်ရာ ပို့ကုန်အပေါ် မှီခိုအားထားနေရတဲ့ အာရှနိုင်ငံအချို့ငွေကြေးများ တန်ဖိုးကျဆင်းလျက်ရှိတယ်။ အဓိကမှာ ယခုသုံးလပတ်ကာလ မှာ တောင်ကိုရီးယားဝမ်က တန်ဖိုး ကျဆင်းမှုအများဆုံးငွေကြေးဖြစ်လာမယ်လို့ Credit Suisse Group AG မှ ထိပ်တန်းခန့်မှန်းသူတစ်ဦးက ပြောကြားတယ်။