လာမည့် (၃) လအတွင်း တောင်ကိုရီးယားဝမ်တန်ဖိုး ၅ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းလိမ့်မည်ဖြစ်ပြီး တစ်ဒေါ်လာလျှင် ၁၂၀၀ ဝမ်အထိ ရောက်ရှိနိုင်

Thu, 07/12/2012 - 06:35 -- Anonymous (not verified)

ဥရောပဒေသကြွေးမြီအကျပ်အတည်းကြောင့် အီးယူဒေသရဲ့ ဝယ်လိုအားကျဆင်းမှာဖြစ်ရာ ပို့ကုန်အပေါ် မှီခိုအားထားနေရတဲ့ အာရှနိုင်ငံအချို့ငွေကြေးများ တန်ဖိုးကျဆင်းလျက်ရှိတယ်။ အဓိကမှာ ယခုသုံးလပတ်ကာလ မှာ တောင်ကိုရီးယားဝမ်က တန်ဖိုး ကျဆင်းမှုအများဆုံးငွေကြေးဖြစ်လာမယ်လို့ Credit Suisse Group AG မှ ထိပ်တန်းခန့်မှန်းသူတစ်ဦးက ပြောကြားတယ်။