Skip to main content

  • English
  • MM

Top Menu

  • သတင်းများ
  • ဆက်သွယ်ရန်

Search form

  • မူလစာမျက်နှာ
    • မြန်မာအကြောင်း
    • ဝန်ကြီးဌာနအကြောင်း
    • ပုံနှိပ်ထုတ်ဝေခြင်း
    • သတင်းများ
    • ဆက်သွယ်ရန်
    • Tradenet 2.0 စနစ်နှင့်ပတ်သက်၍ ဆက်သွယ်စုံစမ်းနိုင်သည့် ဖုန်းနံပါတ်များ
  • ဥပဒေလုပ်ထုံးလုပ်နည်းများ
    • ဥပဒေလုပ်ထုံးလုပ်နည်းများ
      • ဥပဒေများ
      • နည်းဥပဒေထုတ်ပြန်ချက်များ
      • အမိန့်ကြော်ငြာစာများ
      • အမိန့်များ
      • သတင်းလွှာများ
      • အသိပေးကြေညာချက်များ
    • ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ
      • ပို့ကုန်သွင်းကုန်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ
      • မြန်မာနိုင်ငံ၏ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ
  • ကုန်သွယ်သုတ
    • လွတ်လပ်သောကုန်သွယ်မှုဒေသများ
      • အာဆီယံစီးပွားရေးအသိုက်အဝန်း
      • အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ
      • အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုဒေသ
      • အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်
      • အာဆီယံ-ဩစတေးလျ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ
      • အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှုဒေသ
      • ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု
    • အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ အစီအစဉ်များ
      • Generalized System of Preferences
      • LDCs-Specific Schemes
    • အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ (Non-Tariff Measure- NTMs) နှင့် ပတ်သက်သည့် အချက်အလက်များ
    • အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အမျိုးအစားများ (CERTIFICATES OF ORIGIN-COS)
    • ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း
    • ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များ
    • ကုန်သွယ်ရေးနှင့်ပို့ဆောင်ရေး
    • စီးပွားရေးအခွင့်အလမ်းများ
    • ပို့ကုန်ဆိုင်ရာ သိကောင်းစရာများ
    • သွင်းကုန်ဆိုင်ရာ သိကောင်းစရာများ
    • EIF အကြောင်းသိကောင်းစရာ
    • Trade Across Border
    • အာဆီယံအဆင့် ပင်ရင်းထုတ်ကုန်ကြေညာသည့်စနစ်
    • အီးယူ GSP အစီအစဉ်၏ ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ်
    • မြန်မာနိုင်ငံ၏ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအချက်အလက်များဘဏ္ဍာတိုက် (Myanmar Services Trade & Investment Portal – MSTIP)
  • အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ
    • ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့
      • WTO ဆိုင်ရာနောက်ခံအကြောင်းအရာများ
      • TFA Enquiry Point ဆိုင်ရာအချက်အလက်များ
      • Aid for Trade
    • အာဆီယံ
      • အာဆီယံ
      • အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ
    • ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် - ဘင်းမ်စတက်
    • မဟာမဲခေါင်ဒေသ
    • ဧရာဝတီ၊ကျောက်ဖယား၊မဲခေါင် စီးပွားရေးပူးပေါင်းမှု မဟာဗျူဟာအဖွဲ့
    • ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (၄) နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
    • ကမ္ဘာ့မူပိုင်ခွင့်အကြောင်းသိကောင်းစရာ
  • ကုန်သွယ်မှုကဏ္ဍ
    • စားသုံးသူကာကွယ်ရေး
      • စားသုံးသူနစ်နာမှုများ တိုင်ကြားရန်
      • စားသုံးသူရေးရာဖြေရှင်းဆောင်ရွက်ပေးမှုများ
      • ကုန်ပစ္စည်းသတိပေးချက်များ
      • ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု
        • စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲဆောင်ရွက်မှု
        • ဓာတ်ခွဲခန်းများ
        • ဓာတ်ခွဲခန်းများအလိုက်ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု
        • ပို့ကုန်အရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ
        • နိုင်ငံတကာနှင့်ဒေသအတွင်းသဘောတူစာချုပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း
    • ယှဉ်ပြိုင်မှုမူဝါဒ
    • ကုန်စည်ပြပွဲ
      • ပြည်တွင်းပြည်ပကုန်စည်ပြပွဲများစာရင်း
    • NES အကြောင်းသိကောင်းစရာ
    • Business Visa ထောက်ခံချက် နှင့် OGL အကြောင်း သိကောင်းစရာ
      • Business Visa ထောက်ခံချက်အကြောင်း သိကောင်းစရာ
      • OGL အကြောင်း သိကောင်းစရာ
    • မူပိုင်ခွင့်ဆိုင်ရာအကြောင်းသိကောင်းစရာ
      • စက်မှုဒီဇိုင်းမူပိုင်ခွင့်အကြောင်းသိကောင်းစရာ
      • တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ
      • စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်းသိကောင်းစရာများ
      • ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ
  • အထွေထွေကိစ္စရပ်များ
    • မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန် ဆောင်ရွက်မှုစာရင်း
    • WHOLESALE/RETAIL ဆိုင်ရာ မူဝါဒများ
    • မော်တော်ယာဉ်နှင့်ပတ်သက်သည့် သတင်းများ
    • ကုန်သွယ်မှုသင်တန်းကျောင်း
    • တင်ဒါဆိုင်ရာကိစ္စရပ်များ
    • ကုန်သွယ်မှုနှင့်ဆက်စပ်သည့် အခြားဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များ

Breadcrumbs

You are here:

  1. မူလနေရာ

FAQ

ကုန်သွယ်မှုဆိုင်ရာ
နည်းပညာပိုင်းဆိုင်ရာ
စားသုံးသူရေးရာ
မူပိုင်ခွင့်ဆိုင်ရာ
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ
  • မူပိုင်ခွင့်ကဏ္ဍဆိုင်ရာများ
  • စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများ
  • ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာများ
  • စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာများ
ခွင့်ဥပဒေများ အာဏာသက်ဝင်မည့် အခြေအနေလေး သိပါရစေ။

မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေနဲ့ တီထွင်မှုမူပိုင်ခွင့်ဥပဒေတွေကို ၂၀၁၉ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အတွက် လိုအပ်တဲ့ နည်းဥပဒေတွေကို ရေးဆွဲပြီး အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အနက် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် လည်းကောင်း အာဏာတည်ခဲ့ပြီးဖြစ်ပါတယ်။ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ် တွင် အာဏာတည်နိုင်ရေး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်လျက်ရှိပါတယ်။ 

၂၀၁၉ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မူပိုင်ခွင့်ဥပဒေများအတွက် နည်းဥပဒေများအပြင် မူပိုင်ခွင့်နဲ့ ဆက်နွှယ်သည့် အခြားနည်းဥပဒေများ ရေးဆွဲလျက်ရှိပါသလား၊ ရှိပါကရေးဆွဲပြီးစီးမှု အခြေအနေလေး သိပါရစေ။

၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနဲ့ တီထွင်မှုမူပိုင်ခွင့်ဥပဒေများကို အကောင် အထည်ဖော်ရန် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ လက်ရာများ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ပြီးဖြစ်ပါတယ်။ တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေကိုထုတ်ပြန်နိုင်ရေးလုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်လျက်ရှိပါတယ်။
မူပိုင်ခွင့်နဲ့ ဆက်နွှယ်သည့် အခြားနည်းဥပဒေ (၃) ခုကိုလည်းရေးဆွဲလျက်ရှိပါတယ်။ မူပိုင်ခွင့် ဆိုင်ရာအေဂျင်စီနည်းဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေး ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ (CMO)၊ ဒေသ ဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေတို့ဖြစ်ပါတယ်။

မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းနိုင်သည့် အီးမေးလ်လပ်စာများ သိပါရစေ။

မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာမေးခွန်းများ            -    [email protected]

IT ဆိုင်ရာမေးခွန်းများ                    -    [email protected]

WIPO File User Account လျှောက်ထားခြင်းဆိုင်ရာ    -    [email protected]

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီး ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းအခြေအနေ လေးကိုလည်း သိပါရစေ။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်း(Grand Opening)ကို စတင်ပြီး အမှတ်တံဆိပ်လျှောက်ထားခြင်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကုန်အမှတ် တံဆိပ် မူပိုင်ခွင့် လျှောက်ထားချက်များ လက်ခံခြင်းကို အီလက်ထရောနစ် မှတ်ပုံတင် စနစ်မှတစ်ဆင့် လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့ရှိ မူပိုင်ခွင့်ဦးစီးဌာန၏ လျှောက်လွှာလက်ခံ မည့်ဌာနများမှ တစ်ဆင့် လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ်။  မူပိုင်ခွင့်ဆိုင်ရာသတင်း အချက်အလက်များကို www.ipd.gov.mm တွင် လေ့လာနိုင်ပါတယ်။

WIPO File User Account ဘယ်လိုလျှောက်ရမလဲ။

WIPO File User Account ကို မူပိုင်ခွင့်ဦးစီးဌာနမှ ဖွင့်လှစ်သော ကိုယ်စားလှယ်သင်တန်း ဆင်းသူများကိုသာ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ https://www.ipd.gov.mm/e-filing မှတစ်ဆင့် လျှောက်လွှာဖောင်ကို ဖြည့်စွက်၍ [email protected] သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။ ကိုယ်စားလှယ်သင်တန်းတက်ရောက်ခြင်းမရှိသော WIPO File User Account ပိုင်ရှင်များ အနေဖြင့်လည်း မဖြစ်မနေသင်တန်းတက်ရောက်ရန် လိုအပ်မည်ဖြစ်ပါတယ်။

WIPO File User Account အသုံးပြုသူအမည် မည်သို့ပြောင်းရမလဲ။

WIPO File User Account အသုံးပြုသူအမည် ပြောင်းလဲလိုပါက ညွှန်ကြားရေးမှူးချုပ်ထံလိပ်မူ သည့် တရားဝင်စာ(pdf) ဖိုင်ဖြင့် [email protected] သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။ မူပိုင်ခွင့်လျှောက်ထားချက်ပါ ကိုယ်စားလှယ်အမည်ပြောင်းလဲလိုရင်တော့ လျှောက်လွှာနံပါတ် TM17 ကို အသုံးပြုပြီး အခကြေးငွေနဲ့အတူ လျှောက်ထားရမှာ ဖြစ်ပါတယ်။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားခြင်းအတွက် On line ဖြင့် လျှောက်ထားခြင်းနှင့် ကောင်တာတွင် လာရောက်လျှောက်ထားခြင်းကို တစ်ရက်တည်း လက်ခံဆောင်ရွက်မည် လား ဆိုသည်ကို သိလိုပါသည်။

On line ဖြင့် လျှောက်ထားခြင်းနှင့် ကောင်တာတွင် လာရောက်လျှောက်ထားခြင်းကို တစ်ရက်တည်း လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားလိုလျှင် မည်ကဲ့သို့ လျှောက်ထားနိုင်မည်နည်း။

အောက်ပါ နည်းလမ်းများဖြင့် လျှောက်ထားနိုင်ပါသည်-
-    ဦးစီးဌာနက သတ်မှတ်ထားသည့် အီလက်ထရောနစ်စနစ်ဖြင့် လျှောက်ထားခြင်း၊
-    ဦးစီးဌာနသို့ လာရောက်လျှောက်ထားခြင်း၊


နေပြည်တော်     ရုံးအမှတ်(၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန။

ရန်ကုန်     အမှတ်(၂၂၈/၂၄၀)၊ ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်။

မန္တလေး    ၃၅ လမ်း၊ ၆၃x၆၄ လမ်းကြား၊ ပို့ကုန်သွင်းကုန်ရုံး၊ ချမ်းအေးသာဇံမြို့နယ်။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားရာ၌ ဦးစားပေးအခွင့်အရေးကို တောင်းဆိုလိုပါက လျှောက်ထားစဉ်တွင် မတောင်းဆိုဘဲ နောင်မှသာ တောင်းဆိုလျှောက်ထား၍ ရပါသလား။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားရာ၌ ဦးစားပေးအခွင့်အရေးကို တောင်းဆိုလိုပါက လျှောက်ထားချက်တွင် တစ်ပါတည်း ဖြည့်စွက် လျှောက်ထားရပါမည်။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားရာတွင် ထုတ်ပြန်ကြေညာခြင်းကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုလိုပါက နောင်မှသာ တောင်းဆို၍ ရပါသလား။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားရာတွင် ထုတ်ပြန်ကြေညာခြင်းကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုလိုပါက လျှောက်ထားချက်တွင် တစ်ပါတည်း ထည့်သွင်း တောင်းဆိုရပါမည်။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားရာတွင် ဖန်တီးသူ တစ်ဦးထက်ပိုသည့် ကိစ္စရပ်များ တွင် ID-1a ကို နှစ်စောင် တင်ရမည်လား သိလိုပါသည်။

စက်မှုဒီဇိုင်းကို ဖန်တီးသူ တစ်ဦးထက်ပိုသည့်ကိစ္စရပ်များတွင် လျှောက်လွှာပုံစံ ID-1a တစ်စောင်တည်းတွင် ဖန်တီးသူများ၏ အချက်အလက်များကို ဖြည့်စွက်၍ တင်ပြရ မည်ဖြစ်ပြီး နေရာမလုံလောက်ပါက နောက်ဆက်တွဲ အပိုစာရွက် အသုံးပြု၍ တင်ပြနိုင် ပါသည်။

ကိုယ်စားလှယ် တစ်ဦးထက်ပိုသည့်ကိစ္စရပ်များတွင် လျှောက်လွှာပုံစံ ID-2 ကို နှစ်စောင် တင်ရမည်လား သိရှိလိုပါသည်။

ကိုယ်စားလှယ် တစ်ဦးထက်ပိုသည့်ကိစ္စရပ်များတွင် ID-2 လျှောက်လွှာပုံစံ တစ်စောင် တည်းဖြင့်သာ တင်ပြရမည်ဖြစ်ပြီး ပူးတွဲခန့်အပ်သည့် ကိုယ်စားလှယ်များ၏ အချက် အလက်များကို အပိုစာရွက်အသုံးပြု၍ ဖြည့်စွက် တင်ပြရမည်ဖြစ်သည်။ 

စက်မှုဒီဇိုင်း လျှောက်ထားချက်တွင် အမျိုးအစား (Class) မှားယွင်းဖော်ပြခဲ့ပါက မူပိုင်ခွင့် ဦးစီးဌာနအနေဖြင့် မည်ကဲ့သို့ ကုစားဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။ မှားယွင်းခြင်း အတွက် ဒဏ်ကြေးကဲ့သို့သော အခကြေးငွေ ပေးဆောင်ရမည်လား ဆိုသည်ကို သိရှိလိုပါ သည်။

စက်မှုဒီဇိုင်း လျှောက်ထားချက်များကို မူပိုင်ခွင့်ဦးစီးဌာနက စိစစ်ပြီး အမျိုးအစား (Class) မှားယွင်းခြင်းအတွက် ရက်ပေါင်း (၃၀) အတွင်း ပြင်ဆင်လျှောက်ထားရန် လျှောက်ထားသူ သို့မဟုတ် ကိုယ်စားလှယ်ထံသို့ အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ပါသည်။ လျှောက်ထားချက်တွင် ဖော်ပြသည့် အမျိုးအစား (Class) မှားယွင်းခြင်းအတွက် အခကြေး ငွေ ပေးရန် မလိုပါ။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားခြင်းအတွက် စက်မှုဒီဇိုင်းဖော်ပြချက်ကို တင်ပြရာတွင် အကာအကွယ် ရယူလိုသည့် အပိုင်းနှင့် အကာအကွယ် မရယူလိုသည့် အပိုင်းတို့ကို မည်ကဲ့ သို့ တင်ပြရမည်နည်း။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားခြင်းအတွက် စက်မှုဒီဇိုင်းဖော်ပြချက်ကို တင်ပြရာတွင် အကာအကွယ် ရယူလိုသည့် အပိုင်းကို Solid Line ဖြင့် တင်ပြရပါမည်။ အကာအကွယ် မရယူလိုသည့် အပိုင်းအား မျဉ်းတို မျဉ်းပြတ်များဖြင့် လည်းကောင်း၊ အစက်ချ မျဉ်းများဖြင့် လည်းကောင်း တင်ပြရပါမည်။

စက်မှုဒီဇိုင်းဖော်ပြချက်ကို မည်သို့ တင်ပြရမည်နည်း။

စက်မှုဒီဇိုင်းဖော်ပြချက်ကို ရေးဆွဲချက်ဖြင့် ဖြစ်စေ၊ ဓာတ်ပုံဖြင့် ဖြစ်စေ၊ ဂရပ်ဖစ်ဖြင့် ဖြစ်စေ ဖော်ပြ၍ တင်ပြနိုင်ပါသည်။

စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက်ထားခြင်းအတွက် စက်မှုဒီဇိုင်းဖော်ပြချက်ကို မည်မျှ တင်ပြ ရမည်နည်း။

လျှောက်ထားသည့် စက်မှုဒီဇိုင်းသည် နှစ်ဖက်မြင်ထုတ်ကုန်များ ဖြစ်ပါက အနည်းဆုံး မြင်ကွင်း တစ်ပုံကို တင်ပြနိုင်ပါသည်။ သုံးဘက်မြင် ထုတ်ကုန်များကို ရှေ့၊ နောက်၊ ဝဲ၊ ယာ၊ အပေါ်၊ အောက် နှင့် ခြုံငုံမြင်နိုင်သောမြင်ကွင်း တို့ကို တင်ပြရပါမည်။ 

မည်သို့သောအမှတ်တံဆိပ်ပိုင်ရှင်များ လျှောက်ထားခွင့် ရှိသနည်း။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) ပါ စာချုပ်စာတမ်းများ မှတ်ပုံ တင်ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ပိုင်ရှင် သို့မဟုတ် မှတ်ပုံမတင် ထားသော် လည်း နိုင်ငံတော်၏ဈေးကွက်အတွင်းတွင် အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ် ပိုင်ရှင်များ သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့် (၆၃/၂၀၂၀)၊ အပိုဒ် (၁) အရ လျှောက်ထားနိုင်သည်။

အမိန့် (၆၃/၂၀၂၀) အရ အမှတ်တံဆိပ်လျှောက်ထားရာတွင် တစ်ဦးချင်းစီနှင့်/ သို့မဟုတ် အကျိုးတော်ဆောင်ကိုယ်စားလှယ်များမှသာ လျှောက်ထားခွင့်ရှိပါသလား။

မှတ်ပုံတင်လျှောက်ထားရာတွင် အမိန့် (၆၃/၂၀၂၀) ၏ အပိုဒ် (၃) အရ ပထမအဆင့် အနေဖြင့် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသော လုပ်ငန်း၊ ကုမ္ပဏီ နှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှတစ်ဆင့် (WIPO File- Online IP filing System) ဖြင့် လျှောက် ထားခွင့်ပြုမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် လူကိုယ်တိုင် မူပိုင်ခွင့်ဌာနသို့ တိုက်ရိုက် ဖြစ်စေ၊ ပထမအဆင့်တွင် လျှောက်ထားခွင့်ရသူများမှ တစ်ဆင့်ဖြစ်စေ လျှောက်ထားခွင့်ပြု မည်ဖြစ်ပြီး ဒုတိယအဆင့်အား စတင်ဆောင်ရွက်မည့် နေ့ရက်ကို ထပ်မံ ကြေညာသွားမည် ဖြစ်ပါသည်။ ယင်းသို့အဆင့်(၂)ဆင့်ဖြင့် ခွဲခြားလျှောက်ထားရသော်လည်း ဥပဒေပုဒ်မ ၉၃၊ ပုဒ်မခွဲ (ခ) အရ အသုံးပြုခြင်းဆိုင်ရာ ဦးစားပေးအခွင့်အရေးနှင့် လျှောက်ထားချက်ပါ လိုအပ် သည့် အခြေခံ အချက်အလက်များ ပြည့်စုံလျှင်လျှောက်ထားချက် တင်သွင်းသည့်နေ့အား တန်းတူအခွင့် အရေးရရှိမည် ဖြစ်ပါသည်။

အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားရာတွင် မည်သည့်သက်သေခံ အထောက်အထားများကို တင်ပြရမည်နည်း။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်(၆၃/၂၀၂၀)အရ လျှောက်ထား ရာတွင် အမိန့် (၆၃/၂၀၂၀)၏ အပိုဒ် (၇)၊ (က) မှ (ဆ) အထိ သက်သေခံ အထောက် အထားများ အပြင် (ဇ) အရ အမှတ်တံဆိပ်အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အခြားမည်သည့် အထောက် အထားကိုမဆို တင်ပြနိုင်သည်။

အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေပမာဏနှင့် မည်သို့ပေးဆောင် ရမည်နည်း။

အမိန့်(၆၃/၂၀၂၀) ၏ အပိုဒ် (၆) အရ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရန်အတွက် အခကြေးငွေနှင့် ပေးဆောင်ရမည့်နည်းလမ်းများကို သီးခြားထုတ်ပြန်ကြေညာသွားမည် ဖြစ် ပါသည်။

လျှောက်ထားရာတွင် မည်သည့်နည်းလမ်းကို အသုံးပြု၍ လျှောက်ထားရမည်နည်း။

လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ်ဆောင်ရွက်နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေ အကျိုးဆောင်အဖွဲ့များအတွက် WIPO File Account လျှောက်ထားခြင်းအား သတင်းစာမှ တဆင့် အသိပေးကြေညာခြင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

မည်သို့သောသူများကို WIPO File Account ဖွင့်ပေးမည်နည်း။

WIPO File Account ကို ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းအား ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့များ ကိုသာ ဖွင့်လှစ် ပေးမည်ဖြစ်ပြီး ယင်း WIPO File Account လျှောက်ထားရာတွင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်လျှောက်ထားခဲ့သည့် အမှတ်တံဆိပ်စာရင်း ပူးတွဲပါရှိရမည် ဖြစ်သည်။ လျှောက်ထားသူ တစ်ဦးတစ်ယောက်ချင်းစီ (Individual) အတွက် WIPO File Account ဖွင့်လှစ်ပေးမည် မဟုတ်သေးပါ။

ကုန်အမှတ်တံဆိပ်ကို လျှောက်ထားရာတွင် Power of Attorney (POA) လိုအပ်ပါသလား။

ကုန်အမှတ်တံဆိပ်ကို လျှောက်ထားရာတွင် ကိုယ်စားလှယ်ခန့်အပ်ခြင်းအတွက် Power of Attorney (POA) လုံးဝမလိုအပ်ပါ။ Soft Opening ကာလအတွင်း ပထမအဆင့် အနေဖြင့် online filing ဖြင့် အမှတ်တံဆိပ်များကို လျှောက်ထားရာ၌ ကိုယ်စားလှယ်နှင့် စပ်လျဉ်းသည့် အချက်များကို ဖြည့်စွက် ရမည်ဖြစ်သော်လည်း ကိုယ်စားလှယ်ခန့်အပ်လွှာကို ပူးတွဲတင်ပြရန် မလိုအပ်သေးပါ။ ကိုယ်စားလှယ်ခန့်အပ်လွှာ တင်ပြရမည့်အချိန်အား ထပ်မံအသိပေးအကြောင်း ကြားမည်ဖြစ်သည်။ အမှတ်တံဆိပ် လျှောက်ထားချက် တစ်ခုချင်းစီ အတွက် ကိုယ်စားလှယ် ခန့်အပ်လွှာ တစ်စောင်စီ ပါရှိရမည် ဖြစ်သည်။

Online filing ဖြင့် လျှောက်ထားခြင်းအား မည်သည့်အချိန်တွင် စတင်အသုံးပြုနိုင်မည်နည်း။

အမိန့် (၆၃/၂၀၂၀) ၏ အပိုဒ် (၂) အရ Online Filing ဖြင့် လျှောက်ထားခြင်းအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။

ကုန်အမှတ်တံဆိပ်လျှောက်လွှာတစ်စောင်တွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစား အရေ အတွက် မည်မျှလျှောက်ထားနိုင်သနည်း။

ကုန်အမှတ်တံဆိပ်လျှောက်လွှာတစ်စောင်တွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုး အစား တစ်ခုထက်ပို၍ လျှောက်ထားနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ လျှောက်လွှာတစ်ခုတွင် multiple classes လျှောက်ထားနိုင်ပါသည်။

မှတ်ပုံတင်ပေးရန်လျှောက်ထားလာသော အမှတ်တံဆိပ်နှင့် စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး တွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် သို့မဟုတ် မှတ်ပုံမတင်ထားသော်လည်း နိုင်ငံတော်၏ ဈေးကွက်အတွင်းတွင် အမှန်တကယ် အသုံးပြုနေသော အမှတ်တံဆိပ်များ တူညီရန်လိုအပ်ပါ သလား။

မှတ်ပုံတင်ရန်လျှောက်ထားသော အမှတ်တံဆိပ်သည် စာချုပ်စာတမ်းများ မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် သို့မဟုတ် မှတ်ပုံ မတင်ထားသော်လည်း နိုင်ငံတော်၏ဈေးကွက်အတွင်းတွင် အမှန်တကယ်အသုံးပြုနေသော အမှတ်တံဆိပ်နှင့် ထပ်တူ ညီရမည် ဖြစ်ပြီး ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု အမျိုးအစားများလည်း ထပ်တူညီ ရမည် ဖြစ်ပါသည်။

Pagination

  • လက်ရှိစာမျက်နှာ 1
  • စာမျက်နှာ 2
  • Next page ››
  • Last page Last »
စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုတာ ဘာလဲ။

စာပေနှင့်အနုပညာမူပိုင်ခွင့်သည် စာပေ သို့မဟုတ် အနုပညာလက်ရာ ဖန်တီးမှုများအတွက် ရရှိသော အခွင့်အရေးများဖြစ်သည်။

ဆက်နွှယ်သည့်အခွင့်အရေးဆိုတာ ဘာလဲ။

ဆက်နွှယ်သည့်အခွင့်အရေးများသည် ဖျော်ဖြေတင်ဆက်မှု၊ ဖိုနိုဂရမ်၊ ထုတ်လွှင့်ချက် များအတွက် ရရှိသော အခွင့်အရေးများဖြစ်သည်။

စာပေနှင့်အနုပညာမူပိုင်ခွင့် အကာအကွယ်ရရှိတဲ့ လက်ရာတွေက ဘာတွေလဲ။

မူလဖန်တီးမှုများဖြစ်သည့် 
- စာပေလက်ရာ၊ 
- တေးဂီတလက်ရာ၊
- အရုပ်အသံလက်ရာ၊
- ပြဇာတ်လက်ရာ၊
- အနုပညာလက်ရာ၊
- ပထဝီအနေအထားနှင့်ဖြစ်စေ၊ မျက်နှာသွင်ပြင်ဖော်ပြချက်နှင့်ဖြစ်စေ၊ ဗိသုကာလက်ရာ နှင့်ဖြစ်စေ၊ သိပ္ပံပညာနှင့်ဖြစ်စေ သက်ဆိုင်သည့် ရုပ်ပြနမူနာ၊         မြေပုံ၊ စီမံချက်၊ ပုံကြမ်း နှင့် သုံးဖက်မြင်လက်ရာ၊
- စာပေ သို့မဟုတ် အနုပညာလက်ရာများကို ဘာသာပြန်ဆိုခြင်း၊ မှီငြမ်းခြင်း၊ စီစဉ်ခြင်းနှင့် အခြားနည်းဖြင့် ပြောင်းလဲခြင်း သို့မဟုတ် ပြုပြင်ခြင်း၊
- ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက် များကို စုပေါင်းခြင်း အပါအဝင် စာပေ သို့မဟုတ် အနုပညာလက်ရာများကို စုပေါင်းခြင်း၊
- ရွေးချယ်ခြင်း သို့မဟုတ် စီစဉ်ခြင်းဖြင့် အချက်အလက်များကို ဖတ်၍ရသည့်စက်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ စုပေါင်းထားသည့်လက်ရာ။

စာပေနှင့်အနုပညာမူပိုင်ခွင့် အကာအကွယ်မရတဲ့ကိစ္စရပ်တွေက ဘာတွေလဲ။

- စိတ်ကူးစိတ်သန်း၊ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်း၊ သင်္ချာအတွေး အခေါ်အယူအဆ၊ အခြေခံမူ၊ ရှာဖွေတွေ့ရှိချက် သို့မဟုတ် အချက်အလက်များ၊
- သက်ဆိုင်ရာနေ့၏ သတင်း သို့မဟုတ် ပုံနှိပ်ဖော်ပြထားသော သတင်းအချက်အလက် ဟု သတ်မှတ်နိုင်သော လက္ခဏာရှိသည့် အမျိုးမျိုးသောအချက်အလက်များ၊
- ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ဥပဒေများ၊ 
- နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဦးစီးဌာနများမှထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများ၊ 
- တရားရုံးစီရင်ချက်များနှင့် အမိန့်များ။

စာပေနှင့်အနုပညာမူပိုင်ခွင့် အခွင့်အရေးတွေက ဘာတွေလဲ။

စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် စီးပွားရေးဆိုင်ရာအခွင့်အရေး (Economic Right) နှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာအခွင့်အရေး (Moral Right) ဟူ၍ အခွင့်အရေး ၂ မျိုးရှိပါသည်။

စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ ရရှိတဲ့ စီးပွားရေးဆိုင်ရာအခွင့်အရေးတွေက ဘာတွေလဲ။

စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်အနေဖြင့်
- မူပွားခြင်း၊ 
- ဘာသာပြန်ဆိုခြင်း၊
- မှီငြမ်းခြင်း၊
- ပြုပြင်မွမ်းမံခြင်း၊
- ဖြန့်ချိခြင်း၊
- ငှားရမ်းခြင်း၊
- အများပြည်သူအား ဖျော်ဖြေခြင်း၊
- ထုတ်လွှင့်ခြင်း၊
- အများပြည်သူသို့ ဆက်သွယ်ပို့လွှင့်ခြင်း၊
- မိမိဖန်တီးထားသည့် စာပေ သို့မဟုတ် အနုပညာလက်ရာများကို စုပေါင်းခြင်း 
စသည့် အခွင့်အရေးများကို ရရှိသည်။

ဆက်နွှယ်သည့်အခွင့်အရေးပိုင်ရှင်များ ရရှိတဲ့ စီးပွားရေးဆိုင်ရာအခွင့်အရေးတွေက ဘာတွေလဲ။

ဖျော်ဖြေသူဖြစ်ပါက
- ၎င်း၏ဖျော်ဖြေတင်ဆက်မှုကို အရုပ်အသံပေါင်းစပ်ထည့်သွင်းခြင်း၊ 
- မူပွားခြင်း၊ 
- ဖြန့်ချိခြင်း၊ 
- ငှားရမ်းခြင်း၊
- အများပြည်သူသို့ရရှိခံစားနိုင်စေရန် ပြုလုပ်ခြင်း။


ဖိုနိုဂရမ်ထုတ်လုပ်သူဖြစ်ပါက
- မူပွားခြင်း၊
- ပြည်တွင်းသို့ တင်သွင်းခြင်း၊
- ဖြန့်ချိခြင်း၊
- ငှားရမ်းခြင်း၊
- အများပြည်သူရရှိခံစားနိုင်စေရန် ပြုလုပ်ခြင်း။


ထုတ်လွှင့်သည့်အဖွဲ့အစည်းဖြစ်ပါက
- ၎င်း၏ ထုတ်လွှင့်ချက်များကို ထပ်မံထုတ်လွှင့်ခြင်း၊
- အများပြည်သူသို့ဆက်သွယ်ပို့လွှင့်ခြင်း၊
- အရုပ်အသံပေါင်းစပ် ထည့်သွင်းခြင်း၊
- မူပွားခြင်း။
 

ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေးက ဘာတွေလဲ။

မူလလက်ရာရှင်အနေဖြင့်
- မိမိသည် မူလလက်ရာရှင်ဖြစ်ကြောင်း တောင်းဆိုနိုင်သည့်အခွင့်အရေး၊ 
- အများပြည်သူ အသုံးပြု သည့် စာပေ သို့မဟုတ် အနုပညာလက်ရာ မိတ္တူများပေါ်တွင် မူလလက်ရာရှင်အဖြစ် မိမိ၏အမည်ကိုဖော်ပြခွင့်၊
- မိမိ၏ဂုဏ်သိက္ခာနှင့်  ထင်ရှားကျော်ကြားမှုကို ထိခိုက်စေရန် တစ်နည်းနည်းဖြင့် လက်ရာကို ချို့ယွင်းစေခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ယုတ်လျော့သေးသိမ်စေရန် ပြုလုပ်ခြင်းကို ကန့်ကွက်နိုင်သည့်အခွင့်အရေး၊

စာပေနှင့်အနုပညာမူပိုင်ခွင့် အကာအကွယ်ရရှိသည့်သက်တမ်းက ဘယ်လောက်လဲ။
အမျိုးအစား အကာအကွယ်ရသည့်သက်တမ်း
မူလလက်ရာရှင် မူလလက်ရာရှင် သက်ရှိထင်ရှားရှိစဉ်ကာလအပြင် ကွယ်လွန်ပြီးသည့်နှစ်မှ နှစ် ၅၀ 
ဖျော်ဖြေတင်ဆက်သူ ဖျော်ဖြေတင်ဆက်မှုကို အရုပ်အသံ ပေါင်းစပ်ထည့်သွင်း သည့်နှစ်မှ နှစ် ၅၀
ဖိုနိုဂရမ်ထုတ်လုပ်သူ ဖိုနိုဂရမ်ကို ထုတ်ဝေသည့်နှစ်မှ နှစ် ၅၀
ထုတ်လွှင့်သည့်အဖွဲ့အစည်း ထုတ်လွှင့်ချက်ကို စတင်ထုတ်လွှင့်သည့်နှစ်မှ နှစ်၂၀ 
ကိုယ်ကျင့်သိက္ခာဆိုင်ရာ အခွင့်အရေး(မူလလက်ရာရှင်၊ ဖျော်ဖြေသူ) အကန့်အသတ်မရှိ
စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်ရန် မည်သူတွေကလျှောက်ထားနိုင်ပါသလဲ။

- မူလလက်ရာရှင်၊ 
- ပထမမူပိုင်ခွင့်ပိုင်ရှင်အဖွဲ့အစည်း၊
- ဖျော်ဖြေသူ၊
- ဖိုနိုဂရမ်ထုတ်လုပ်သူ၊
- ထုတ်လွှင့်သည့်အဖွဲ့အစည်း၊
- အမွေဆက်ခံသူ၊
- တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စီးပွားရေးဆိုင်ရာအခွင့်အရေးကို လွှဲပြောင်းပေးခြင်း ခံရသူ၊
- ပေးကမ်းခြင်း သို့မဟုတ် လှူဒါန်းခြင်းခံရသူ 

Pagination

  • လက်ရှိစာမျက်နှာ 1
  • စာမျက်နှာ 2
  • Next page ››
  • Last page Last »

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန


ရုံးအမှတ်(၃)၊ နေပြည်တော်
ဖုန်း - ၀၆၇-၄၀၈၂၂၁ | အီးမေးလ်: [email protected]

 

 

Find us on social media

  • မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန် ဆောင်ရွက်မှုစာရင်း
  • WHOLESALE/RETAIL ဆိုင်ရာ မူဝါဒများ
  • မော်တော်ယာဉ်နှင့်ပတ်သက်သည့် သတင်းများ
  • ကုန်သွယ်မှုသင်တန်းကျောင်း
  • တင်ဒါဆိုင်ရာကိစ္စရပ်များ
  • ကုန်သွယ်မှုနှင့်ဆက်စပ်သည့် အခြားဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များ
  • ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့
    • WTO ဆိုင်ရာနောက်ခံအကြောင်းအရာများ
    • TFA Enquiry Point ဆိုင်ရာအချက်အလက်များ
    • Aid for Trade
  • အာဆီယံ
    • အာဆီယံ
    • အာဆီယံစီးပွားရေးအသိုက်အဝန်းပုံစံ
  • ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် - ဘင်းမ်စတက်
  • မဟာမဲခေါင်ဒေသ
  • ဧရာဝတီ၊ကျောက်ဖယား၊မဲခေါင် စီးပွားရေးပူးပေါင်းမှု မဟာဗျူဟာအဖွဲ့
  • ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (၄) နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
  • ကမ္ဘာ့မူပိုင်ခွင့်အကြောင်းသိကောင်းစရာ
  • ဥပဒေလုပ်ထုံးလုပ်နည်းများ
    • ဥပဒေများ
    • နည်းဥပဒေထုတ်ပြန်ချက်များ
    • အမိန့်ကြော်ငြာစာများ
    • အမိန့်များ
    • သတင်းလွှာများ
    • အသိပေးကြေညာချက်များ
  • ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ
    • ပို့ကုန်သွင်းကုန်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ
    • မြန်မာနိုင်ငံ၏ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများ
  • အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံ ခန့်ခွဲမှုဌာနခွဲ
  • မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့်လုပ်ငန်းစစ်ဆေးရေးဌာနခွဲ
  • စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ
  • ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေး ဌာနခွဲ
  • ပြည်တွင်း/ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲ
  • e-Government ဌာနခွဲ
  • ဦးစီးရုံး
  • ဘဏ္ဍာနှစ်လိုက်ကုန်သွယ်မှုပမာဏ
    • ပို့ကုန်/သွင်းကုန် ကုန်သွယ်မှု
    • ကုန်ပစ္စည်းအုပ်စုအလိုက် ကုန်သွယ်မှု
    • နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုန်သွယ်မှု
    • နိုင်ငံအလိုက် ကုန်သွယ်မှု
    • နယ်စပ်စခန်းအလိုက် ကုန်သွယ်မှု
    • ပဲမျိုးစုံတင်ပို့မှု
  • ကာလတူကုန်သွယ်မှုပမာဏ နှိုင်းယှဉ်ချက်
    • ကုန်သွယ်မှုပမာဏ နှိုင်းယှဉ်ချက်
    • ပို့ကုန်အုပ်စုအလိုက် နှိုင်းယှဉ်ချက်
    • သွင်းကုန်အုပ်စုအလိုက် နှိုင်းယှဉ်ချက်
    • နယ်စခန်းများအလိုက် နှိုင်းယှဉ်ချက်
  • စားသုံးသူကာကွယ်ရေး
    • စားသုံးသူနစ်နာမှုများ တိုင်ကြားရန်
    • စားသုံးသူရေးရာဖြေရှင်းဆောင်ရွက်ပေးမှုများ
    • ကုန်ပစ္စည်းသတိပေးချက်များ
    • ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု
      • စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲဆောင်ရွက်မှု
      • ဓာတ်ခွဲခန်းများ
      • ဓာတ်ခွဲခန်းများအလိုက်ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု
      • ပို့ကုန်အရည်အသွေးစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ
      • နိုင်ငံတကာနှင့်ဒေသအတွင်းသဘောတူစာချုပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း
  • ယှဉ်ပြိုင်မှုမူဝါဒ
  • ကုန်စည်ပြပွဲ
    • ပြည်တွင်းပြည်ပကုန်စည်ပြပွဲများစာရင်း
  • NES အကြောင်းသိကောင်းစရာ
  • Business Visa ထောက်ခံချက် နှင့် OGL အကြောင်း သိကောင်းစရာ
    • Business Visa ထောက်ခံချက်အကြောင်း သိကောင်းစရာ
    • OGL အကြောင်း သိကောင်းစရာ
  • မူပိုင်ခွင့်ဆိုင်ရာအကြောင်းသိကောင်းစရာ
    • စက်မှုဒီဇိုင်းမူပိုင်ခွင့်အကြောင်းသိကောင်းစရာ
    • တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ
    • စာပေနှင့်အနုပညာမူပိုင်ခွင့်အကြောင်းသိကောင်းစရာများ
    • ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ
  • လွတ်လပ်သောကုန်သွယ်မှုဒေသများ
    • အာဆီယံစီးပွားရေးအသိုက်အဝန်း
    • အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ
    • အာဆီယံ-ကိုရီးယား လွတ်လပ်သောကုန်သွယ်မှုဒေသ
    • အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်
    • အာဆီယံ-ဩစတေးလျ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ
    • အာဆီယံ-အိန္ဒိယ လွတ်လပ်သောကုန်သွယ်မှုဒေသ
    • ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု
  • အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုဆိုင်ရာ အစီအစဉ်များ
    • Generalized System of Preferences
    • LDCs-Specific Schemes
  • အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ (Non-Tariff Measure- NTMs) နှင့် ပတ်သက်သည့် အချက်အလက်များ
  • အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အမျိုးအစားများ (CERTIFICATES OF ORIGIN-COS)
  • ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း
  • ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များ
  • ကုန်သွယ်ရေးနှင့်ပို့ဆောင်ရေး
  • စီးပွားရေးအခွင့်အလမ်းများ
  • ပို့ကုန်ဆိုင်ရာ သိကောင်းစရာများ
  • သွင်းကုန်ဆိုင်ရာ သိကောင်းစရာများ
  • EIF အကြောင်းသိကောင်းစရာ
  • Trade Across Border
  • အာဆီယံအဆင့် ပင်ရင်းထုတ်ကုန်ကြေညာသည့်စနစ်
  • အီးယူ GSP အစီအစဉ်၏ ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ်
  • မြန်မာနိုင်ငံ၏ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအချက်အလက်များဘဏ္ဍာတိုက် (Myanmar Services Trade & Investment Portal – MSTIP)
© 2024 Ministry of Commerce. All rights reserved.

Privacy Policy