ခွင့်ဥပဒေများ အာဏာသက်ဝင်မည့် အခြေအနေလေး သိပါရစေ။

မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေနဲ့ တီထွင်မှုမူပိုင်ခွင့်ဥပဒေတွေကို ၂၀၁၉ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အတွက် လိုအပ်တဲ့ နည်းဥပဒေတွေကို ရေးဆွဲပြီး အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အနက် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် လည်းကောင်း အာဏာတည်ခဲ့ပြီးဖြစ်ပါတယ်။ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ် တွင် အာဏာတည်နိုင်ရေး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်လျက်ရှိပါတယ်။ 

IP