ခွင့်ဥပဒေများ အာဏာသက်ဝင်မည့် အခြေအနေလေး သိပါရစေ။

မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေနဲ့ တီထွင်မှုမူပိုင်ခွင့်ဥပဒေတွေကို ၂၀၁၉ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အတွက် လိုအပ်တဲ့ နည်းဥပဒေတွေကို ရေးဆွဲပြီး အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အနက် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် လည်းကောင်း အာဏာတည်ခဲ့

၂၀၁၉ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မူပိုင်ခွင့်ဥပဒေများအတွက် နည်းဥပဒေများအပြင် မူပိုင်ခွင့်နဲ့ ဆက်နွှယ်သည့် အခြားနည်းဥပဒေများ ရေးဆွဲလျက်ရှိပါသလား၊ ရှိပါကရေးဆွဲပြီးစီးမှု အခြေအနေလေး သိပါရစေ။

၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်တဲ့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေနဲ့ တီထွင်မှုမူပိုင်ခွင့်ဥပဒေများကို အကောင် အထည်ဖော်ရန် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ လက်ရာများ သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ပြီးဖြစ်ပါတယ်။ တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေကိုထုတ်ပြန်နိုင်ရေးလုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်လျက်ရှိပါတယ်။

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီး ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းအခြေအနေ လေးကိုလည်း သိပါရစေ။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်း(Grand Opening)ကို စတင်ပြီး အမှတ်တံဆိပ်လျှောက်ထားခြင်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကုန်အမှတ် တံဆိပ် မူပိုင်ခွင့် လျှောက်ထားချက်များ လက်ခံခြင်းကို အီလက်ထရောနစ် မှတ်ပုံတင် စနစ်မှတစ်ဆင့် လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့ရှိ မူပိုင်ခွင့်ဦးစီးဌာန၏ လျှောက်လွှာလက်ခံ မည့်ဌာနများမှ တစ်ဆင့် လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ်။  မူပိုင်ခွင့်ဆိုင်ရာသတင်း အချက်အလက်များကို www.ipd.gov.mm

WIPO File User Account ဘယ်လိုလျှောက်ရမလဲ။

WIPO File User Account ကို မူပိုင်ခွင့်ဦးစီးဌာနမှ ဖွင့်လှစ်သော ကိုယ်စားလှယ်သင်တန်း ဆင်းသူများကိုသာ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ https://www.ipd.gov.mm/e-filing မှတစ်ဆင့် လျှောက်လွှာဖောင်ကို ဖြည့်စွက်၍ [email protected] သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။ ကိုယ်စားလှယ်သင်တန်းတက်ရောက်ခြင်းမရှိသော WIPO File User Account ပိုင်ရှင်များ အနေဖြင့်လည်း မဖြစ်မနေသင်တန်းတက်ရောက်ရန် လိုအပ်မည်ဖြစ်ပါတယ်။

WIPO File User Account အသုံးပြုသူအမည် မည်သို့ပြောင်းရမလဲ။

WIPO File User Account အသုံးပြုသူအမည် ပြောင်းလဲလိုပါက ညွှန်ကြားရေးမှူးချုပ်ထံလိပ်မူ သည့် တရားဝင်စာ(pdf) ဖိုင်ဖြင့် [email protected] သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။ မူပိုင်ခွင့်လျှောက်ထားချက်ပါ ကိုယ်စားလှယ်အမည်ပြောင်းလဲလိုရင်တော့ လျှောက်လွှာနံပါတ် TM17 ကို အသုံးပြုပြီး အခကြေးငွေနဲ့အတူ လျှောက်ထားရမှာ ဖြစ်ပါတယ်။