ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီး ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းအခြေအနေ လေးကိုလည်း သိပါရစေ။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်း(Grand Opening)ကို စတင်ပြီး အမှတ်တံဆိပ်လျှောက်ထားခြင်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကုန်အမှတ် တံဆိပ် မူပိုင်ခွင့် လျှောက်ထားချက်များ လက်ခံခြင်းကို အီလက်ထရောနစ် မှတ်ပုံတင် စနစ်မှတစ်ဆင့် လည်းကောင်း၊ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့ရှိ မူပိုင်ခွင့်ဦးစီးဌာန၏ လျှောက်လွှာလက်ခံ မည့်ဌာနများမှ တစ်ဆင့် လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ်။  မူပိုင်ခွင့်ဆိုင်ရာသတင်း အချက်အလက်များကို www.ipd.gov.mm တွင် လေ့လာနိုင်ပါတယ်။

IP