အမှတ်တံဆိပ်သော်လည်းကောင်း၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု အမျိုးအစားသော်လည်း ကောင်း ကွဲလွဲလျှင် အမှတ်တံဆိပ် အသစ်အဖြစ် ယူဆမည်ဖြစ်ပြီး အဆိုပါ အမှတ်တံဆိပ် အသစ်များအတွက် မူပိုင်ခွင့်ရုံး တရားဝင်စတင်ဖွင့်သည့် နေ့ရက်မှသာ လက်ခံဆောင်ရွက်သွား မည် ဖြစ်ပါသည်။
သက်သေခံအထောက်အထားမျာအား မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် လက်ခံမည်ဖြစ်ပါသည်။ တခြားဘာသာစကားများဖြင့် ရေးသားထားသော သက်သေခံ အထောက်အထားများကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆို (translation) ပေးရမည် ဖြစ်ပါသည်။
Online မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါသည်။ Online မှ လျှောက်ထားလိုပါက crfile.ipd.gov.mm သို့ ဝင်ရောက်၍ လျှောက်ထားနိုင်ပါသည်။ လူကိုယ်တိုင် လာရောက်လျှောက်ထားလိုပါက www.ipd.gov.mm တွင် လျှောက်လွှာ ပုံစံများကို download ရယူ၍ ရုံးအမှတ်(၅၂)၊ ရုံးချုပ်(နေပြည်တော်) တွင် လည်းကောင်း၊ အမှတ် ၂၂၈/၂၄၀၊ ကမ်းနားလမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန် (အောက်မြန်မာပြည်ရုံးခွဲ) တွင်လည်းကောင်း၊ ၃၅ လမ်း၊ ၆၃ X ၆၄ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး (အထက်မြန်မာပြည်ရုံးခွဲ) တွင်လည်းကောင်း လာရောက်လျှောက်ထားနိုင်ပါသည်။
ယေဘုယျအားဖြင့် အချိန်သုံးလခန့်ကြာမြင့်မည်ဖြစ်ပါသည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးပိုင်ရှင်သည် စီးပွားရေးဆိုင်ရာအခွင့်အရေးတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အခြား ပုဂ္ဂိုလ်တစ်ဦးဦး/အဖွဲ့အစည်းအား လွှဲပြောင်းနိုင်သည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရးပိုင်ရှင်သည် အခြားပုဂ္ဂိုလ်တစ်ဦးဦး/အဖွဲ့အစည်းအား တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ အမွေဆက်ခံခြင်း၊ သေတမ်းစာရေးခွင့်ရှိသူက သေတမ်းစာဖြင့် ပေးခြင်း၊ ပေးကမ်းခြင်း သို့မဟုတ် လှူဒါန်းခြင်း၊ ပိုင်ဆိုင်ခွင့်ကို တည်ဆဲဥပဒေတစ်ရပ်ရပ် အရ လွှဲပြောင်းခြင်း၊ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း စသည့် နည်းလမ်းတစ်ရပ်ရပ် ဖြင့် လွှဲပြောင်းနိုင်ပါသည်။
စီးပွားရေးဆိုင်ရာအခွင့်အရေး အကာအကွယ်ပေးသည့်သက်တမ်း ကုန်ဆုံးသည့် စာပေနှင့် အနုပညာလက်ရာများသည် အများပိုင်နယ်မြေ (Public Domain) အတွင်း သို့ရောက်ရှိပြီး လက်ရာရှင်၏ ခွင့်ပြုချက်ရယူရန်မလိုဘဲ မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။
မူပိုင်ခွင့်ဦးစီးဌာနမှ ဖွင့်လှစ်သော ကိုယ်စားလှယ်သင်တန်းဆင်းအောင်လက်မှတ်အမှတ်ကို ထည့်သွင်းရပါမည်။
ရုပ်ရှင်ဇာတ်ကားတစ်ခုတွင် ပါဝင်ဖန်တီးသူများအကြားသီးခြားသဘောတူညီချက် မရှိ လျှင် စီးပွားရေးဆိုင်ရာအခွင့်အရေး၏ မူလပိုင်ရှင်မှာ ထုတ်လုပ်သူ ဖြစ်ပါသည်။
User Profile တွင် Account ဖွင့်စဉ်က ဖြည့်သွင်းခဲ့သော အချက်အလက်များကို ပြင်ဆင်ပြောင်းလဲလိုပါက ပြောင်းလဲလိုသည့် အချက်အလက်များကို မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူပြီး မူပိုင်ခွင့်ဦးစီးဌာန၊ အီးမေးလ် ([email protected]) မှတစ်ဆင့် ပေးပို့လျှောက်ထားရပါမည်။
မူပိုင်ခွင့်ဦးစီးဌာနမှ ပေးအပ်သော စာပေနှင့်အနုပညာမူပိုင်ခွင့် ကိုယ်စားလှယ် သင်တန်းဆင်း လက်မှတ်တွင်ပါရှိသည့် အမည်၊ မှတ်ပုံတင်အမှတ်၊ Agent ID တို့နှင့် ကိုက်ညီရမည်ဖြစ် ပါသည်။
Account အား Login ဝင်ရာတွင် Account Registration ပြုလုပ်ခဲ့စဉ်က ဖြည့်သွင်း ခဲ့သော Email နှင့် Password အားရိုက်ထည့်ရမည်ဖြစ်ပါသည်။