အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု

Post date: 22/11/2011

ကမ္ဘာ့သဘာဝဘေးအန္တရာယ်များကျရောက်တဲ့အတွက် ယခုနှစ်ကုန်လများအတွင်း ဗီယက်နမ်နိုင်ငံရဲ့  သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တင်ပို့မှုက သိသာစွာ တိုးတက် လာကြောင်း စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။ အာရှနဲ့ ဥရောပနိုင်ငံတွေမှာ ရာသီဥတုဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးစိုက်ခင်းတွေပျက်စီးပြီး ဝယ်လိုအားတက်လာကြောင်း သိရပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာ ရေကြီးမှုနဲ့ ရင်ဆိုင်ရတာရဲ့အကျိုးဆက်ကြောင့်လည်းဖြစ်ကြောင်း

Post date: 22/11/2011

ပါကစ္စတန်နိုင်ငံရဲ့ အဓိက ပဲမျိုးစုံဈေးနှုန်းများ အမြင့်ဆုံးပမာဏကို ရောက်ရှိခဲ့ပြီးတဲ့နောက်၊ မိုးအနည်းငယ် ရွာသွန်းမှုကြောင် ဆင်းနဲ့ ပန်ဂျပ်ပြည်နယ်တို့မှာ အထွက်နှုန်း တိုးတက်ခဲ့တဲ့အတွက် လက်လီ၊ လက်ကားဈေး များ ပြန်လည်ကျဆင်းလာနေပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ပဲမျိုးစုံဈေးနှုန်း အမြင့်ဆုံးကို ရောက်ရှိ ခဲ့တဲ့အတွက် ပါကစ္စတန်ပြည်သူများရဲ့ ဝယ်ယူနိုင်မှုစွမ်းအားထက် ကျော်လွန်ခဲ့ပါတယ်။
Post date: 22/11/2011

မလေးရှားစားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးနှုန်းတွေက ဥရောပကြွေးမြီအကျပ်အတည်းအပေါ် စိုးရိမ်မှုတွေ ကြောင့် နိုဝင်ဘာ ၁၅ ရက်နေ့က ဈေးကျသွားကြောင်း သတင်း ရရှိပါတယ်။ ဒါပေမဲ့ လာမယ့်လတွေမှာတော့ စိုစွတ်တဲ့ ရာသီဥတုအခြေအနေကြောင့် စားအုန်းဆီဈေးနှုန်းကို အထောက်အပံ့ပေးနိုင်ကြောင်း ခန့်မှန်းထားတယ်။
ဇန်နဝါရီလသင်္ဘောတင်မယ့် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးနှုန်းက ဘာဆာမလေးရှားကြိုပွိုင့် ရောင်းဝယ် ရေးမှာ တစ်တန်ကို သုည ဒသမ ၂ ရာခိုင်နှုန်းဈေးတက်ကာ ကန်ဒေါ်လာ ၁၀၀၅ နဲ့ ချုပ်ဆိုခဲ့ကြောင်း

Post date: 22/11/2011

ထိုင်းနိုင်ငံရဲ့ အဝတ်အထည်တင်ပို့မှုက နှစ်စဉ်  ၇ ဒသမ ၀၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်းတင်ပို့မှုက ကန်ဒေါ်လာ ၂ ဒသမ ၅၄၄ ဘီလီယံရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ အထည်ချုပ်အသင်း Thai Garment Manufacturers Association (TGMA) က နောက်ဆုံးထုတ်ပြန်တဲ့ စာရင်း အင်းတွေအရ သိရှိရပါတယ်။ ဒါပေမဲ့ ယခုနှစ်ဆန်းပိုင်းမှာ တိုးတက်နှုန်းက နှေးကွေးသွားကြောင်းနဲ့ စက်တင်ဘာလက သင်္ဘောတင်ပို့မှု က ၅ ဒသမ ၀၅ ရာခိုင်နှုန်း လျော့ကျကာ ကန်ဒေါ်လာ ၂၇၂ ဒသမ ၆ သန်းရရှိခဲ့ကြောင်း

Post date: 22/11/2011

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာမရေရာမှုများ၊ ကိုယ်ကျိုးစီးပွားကာကွယ်ပေးတဲ့ ကုန်သွယ်ရေးနဲ့ ပြည်တွင်းကုန်ကျစရိတ်တွေ မြင့်တက်လာမှုတို့ကြောင့် တရုတ်ရဲ့ ပို့ကုန်အပေါ်ဖိအားတွေရှိနေကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၆ ရက်နေ့က ပြောကြားလိုက်တယ်။ လာမယ့်ကာလအတွင်း ပို့ကုန်အခြေအနေ အတွက် အလားအလာကောင်းတွေ မရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Shen Danyang က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

Post date: 15/11/2011

စင်ကာပူရှိစာရင်းအင်းကဏ္ဍာအတွက် ထက်မြက်သူများကိုဆွဲဆောင်ထိန်းသိမ်းထားရေးမှာ အဓိကစိန်ခေါ် မှုဖြစ်နေ ကြောင်း ဘဏ္ဍာရေးနဲ့သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနပြန်နယ်ဝန်ကြီး မစ္စဂျိုးဇက်ဖင်တဲအိုက စင်ကာပူ ငွေစာရင်းအစည်း အဝေးမှာ နိုဝင်ဘာ ၅ ရက်က ပြောပါတယ်။ ကျွမ်းကျင်တဲ့ငွေစားရင်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်တွေကိုရရှိအောင် လူသစ်ခေါ် စုဆောင်းရာမှာ အခက်အခဲရှိ တယ်လို့

Post date: 15/11/2011

ပုံနှိပ်သတင်းစာဖြန့်ချိမှုက ၁ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပေမဲ့ စင်ကာပူရှိအရွယ်ရောက်သူအများစု အတွက် ပုံနှိပ်သတင်း စာက အဓိကအားထားစရာဖြစ်နေပါသေးတယ်။ အသက် ၁၅ နှစ်နဲ့ အထက်ရှိ စင်ကာပူ မှာနေထိုင်သူ တွေကိုစစ်တမ်း ကောက်ယူရာမှာယခုလိုတွေ့ရှိရတာ ဖြစ်ပါတယ်။ စစ်တမ်းကို ၂၀၁၀ ပြည့်ဇူလိုင်မှ ၂၀၁၁ ခု ဇွန်လအတွင်းပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

Post date: 15/11/2011

ကယ်တင်ရေးစည်းကမ်းချက်များကိုလျှော့ချရန် တိုက်တွန်းမှုများရှိလာပြီးနောက်ပိုင်း ကြွေးမြီကယ်တင်ငွေ အစီအစဉ်ကို ပြန်လည်သုံးသပ်ရန် ဥရောပသမဂ္ဂ (အီးယူ)၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ် အက်ဖ်) နဲ့ ဥရောပ ဗဟိုဘဏ်မှအရာရှိတွေ ပေါ်တူဂီနိုင်ငံကိုနိုဝင်ဘာ ၇ ရက်နေ့က ရောက်ရှိလာပါတယ်။ ယခုအချိန် ထိဆောင်ရွက်ပြီး လုပ်ငန်းများကို အကဲအဖြတ်ဖို့နဲ့ လာမဲ့သုံးလပတ်တွေအတွက်

Post date: 15/11/2011

ကိုရီးယားနိုင်ငံမှာ အင်တာနက်လုပ်ငန်းတွေထူထောင်ရာမှ အားပေးကူညီဖို့နဲ့ ကမ္ဘာမှာလူသိအများဆုံး Search Engine  ဖြစ်တဲ့ ယူကျုမှာ K-pop   သီးသန့်ချန်နယ်ကိုဆောင်ရွက်ဖို့ ဂူးဂဲဥက္ကဌ အီရစ်ရှမစ်က ကတိပြုခဲ့ ပါတယ်။ ဂူးဂဲအမှုဆောင် ဘုတ်အဖွဲ့ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ရှမစ်က နိုဝင်ဘာ ၇ ရက်နေ့က တောင်ကိုရီးယား သမ္မတလီမြောင်ဘက်နဲ့ တွေ့ဆုံပြီးနောက် ယခုလိုကတိပြုခဲ့တာဖြစ်တယ်လို့

Post date: 15/11/2011

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲခရစ်စတင်းလာဂတ်က တရုတ်နိုင်ငံကို နိုဝင်ဘာ ၉ ရက်နေ့မှာ သွားရောက်ပြီး ယူရိုဇုန်အကျပ်အတည်းနက်ရှိုင်းနေတဲ့ ကိစ္စကိုဆွေးနွေးပြီး ကယ်တင်မှုရန်ပုံငွေအတွက် တရုတ်နိုင်ငံ ဖြည့်ဆည်းနိုင်မဲ့ အခြေအနေကိုဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။

Pages