အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု
ကြော်ငြာလုပ်ငန်းမှာ ဂူးဂဲနဲ့ဖေ့ဘွတ်တို့ရဲ့ လွှမ်းမိုးမှုကတစစကြီးထွားနေပါတယ်။ ဒါကြောင့် ယာဟူး၊ မိုက်ကရိုဆော့ ကော်ပိုရေးရှင်းနဲ့ အေအိုင်အယ်လ်တို့က ကြော်ငြာလုပ်ငန်းမှာ ဖက်စပ်ပူးပေါင်းဆောင်ရွက်လာပါတယ်။ မဟာမိတ်အဖြစ ်ပူးပေါင်းမှုကို နိုဝင်ဘာ ၈ ရက်နေ့ကကြေညာခဲ့ပါတယ်။ ဒီပူးပေါင်းမှုအရ display ads လို့ခေါ်တဲ့ မရောင်းရသေးတဲ့ပရီမီယံ ကြော်ငြာလက်ကျန်တွေကို လာမဲ့နှစ်စောစောပိုင်းအချင်းချင်း ပြန်လည်ရောင်းချဖို့ ဖြစ်ပါတယ်။
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၄ ရက်က မပြေမလည်နဲ့ ပြီးဆုံးခဲ့ပါတယ်။ အစည်းအဝေးမှာ ဥရောပကြွေးမြီ အကျပ်အတည်း သက်သာအောင်ဆောင်ရွက်ဖို့ ပြင်ပမှနောက်ထပ်ငွေကြေးမရခဲ့သည့်အပြင် ဂရိနိုင်ငံကိုကြွေးမြီအကျပ် အတည်းမှ လွတ်မြောက်စေမဲ့အစီအစဉ်ကို အီတလီကိစ္စကလွှမ်းမိုးခဲ့ပါတယ်။
ဝယ်လိုအားကောင်းပြီး လက်ကျန်စားအုန်းဆီပမာဏ ကျဆင်းမှုကြောင့် မလေးရှား စားအုန်းဆီကြမ်းဈေး ၃ လ အတွင်း အမြင့်ဆုံးကို မြင့်တက်ခဲ့ပါတယ်။ လာမယ့်လများမှာ စားအုန်းဆီအထွက်လျော့ကျဖွယ် ရှိတာကြောင့်လည်း ဈေးအတက် ဘက် ဦးတည်လာတာဖြစ်ပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလအခြေခံစံနှုန်းကြိုပွိုင့်ဈေးဟာ သြဂုတ်လ ၃ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်တဲ့ တစ်တန် ရင်းဂစ် ၃၁၃၀ (ကန်ဒေါ် လာ ၉၉၄) ကို မြင့်တက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ယခုနှစ်ရဲ့နောက်ပိုင်း(၃) လအတွင်းစက်ယန္တရားနဲ့ မော်တော်ကားထုတ်လုပ်မှုတွေ ကျဆင်းသွားနိုင်တယ်လို့ ထိုင်းနိုင်ငံစက်မှုလုပ်ငန်းဆိုင်ရာ လွှတ်တော်အဖွဲ့ရဲ့ စက်မှုယန္တရားအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဆူရဖုံးဖိုက်ဆစ်ဖတ်ထနဖုံးက ပြောကြားခဲ့ပါတယ်။ စက်မှုလုပ်ငန်း များအဖွဲ့မှ မော်တော်ကားထုတ်လုပ်မှု ၃ ဒသမ ၉ ရာခိုင်နှုန်းခန့် လျော့နည်း သွားတယ်လို့ ခန့်မှန်း ခဲ့ကြပေမယ့် မော်တော်ဆိုင်ကယ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ မှာတော့ ထိခိုက်မှုမရှိဘဲ ပထမ (၉) လမှာ ဆိုင်ကယ်အပိုပစ္စည်းများထုတ်လုပ်မှုကနေ ဘတ်သန်းပေါင်း (၄ ဒသမ ၇၁) သိန်းခန့် ဝင်ငွေရရှိခဲ့ ပါတယ်။ အောက်တို ဘာလမှ ဒီဇင်ဘာလအတွင်း ကားစီးရေ (၄၅၆၁၄၁) ခန့်သာ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်းနဲ့ ဇူလိုင်လမှ စက်တင်ဘာလအထိ ထုတ်လုပ်မှုမှာတော့ ၃ ဒသမ ၉ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့တယ်လို့လွန်ခဲ့တဲ့နှစ်နောက်ဆုံး (၃) လ ထုတ်လုပ်မှုနဲ့ နှိုင်းယှဉ်ရင် ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ပိုမိုထုတ် လုပ်နိုင်ခဲ့ပါ တယ်။မော်တော် ဆိုင်ကယ်ထုတ်လုပ်မှုမှာတော့ အောက်တိုဘာလအထိ (၆၂၇၆၈၁) စီး ထုတ်လုပ်နိုင်ခဲ့လို့ ဇူလိုင်လမှ စက်တင်ဘာလအထိ ထုတ်လုပ်တဲ့စီးရေ (၆၂၄၄၆၉) ထက် ပိုမိုခဲ့ကာ ၀ ဒသမ ၅၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့စက်တင်ဘာလမှာ ကားစီးရေ (၁၇၄၂၁၂) ထုတ်လုပ်နိုင်ခဲ့တာကြောင့်နှစ် ၅၀ ကာ လအတွင်း ထုတ်လုပ်မှုအမြင်ဆုံးစံချိန်တင်ခဲ့ကြောင်းနဲ့ နိုင်ငံအတွင်း အသုံးပြုဖို့နဲ့ ပြည်ပတင်ပို့ဖို့ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ (၉) လအတွင်းမှာ မော်တော် ကား (၁၂၈၅၂၃၃) စီးနဲ့ မော်တော်ဆိုင်ကယ်စီးရေ (၂၄၉၉၁၀၂) ထုတ်လုပ်ခဲ့ပြီးဖြစ်တယ်လို့ နိုင်ဆူရဖုံးဖိုက်ဆစ်ဖတ်ထနဖုံးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Source: ပလယ်ချာချပ်သတင်းစာ
နကသ (မြဝတီ) MIRT
စတုတ္ထ ၃ လအတွင်း သကြားဈေးကြီးမြင့်ခဲ့ရင် တရုတ်အစိုးရ အရံသိုလှောင် သကြားများ ထုတ်ရောင်း ပေးမယ်လို့ အစိုးရအရာရှိတစ်ဦးက နိုဝင်ဘာလ ၁ ရက် နေ့မှာ ပြောကြားပါတယ်။ အစိုးရအနေနဲ့ သကြားဈေးနှုန်း ကျဆင်းမှာမလိုလားပေမယ့် ဈေးအမြောက်အများ တက်မှာကိုလည်း မလိုလားဘူးလို့ စီးပွားရေး နဲ့ ကုန်သွယ်မှု ဌာန ညွှန်ကြားရေးမှူးချုပ် Liu Xiaona က ပြောကြားပါတယ်။ယခင်နှစ် အောက်တိုဘာလမှာစတင်တဲ့ ၂၀၁၀-၁၁ သကြားကြိတ်ခွဲရာသီအတွင်း ပြည်တွင်းဈေးနှုန်းဟာ တတိယ ၃ လပတ်အတွင်း သမိုင်းတင်နီးပါးမြင့်တက်လာခြင်းကို ထိန်းချုပ်ဖို့ တန်ချိန် ၁ ဒသမ ၈၈ သန်းရောင်းချ ပေးခဲ့ပါတယ်။ Zhengz hou ကုန်စည်ဒိုင်မှာ ၂၀၁၂ မေလ သကြားကြိုပွိုင့်အခြေခံဈေးဟာ တစ်တန်ကို ၅ ယွမ် လျော့ကျပြီး ယွမ် ၆၇၀၈ (ကန်ဒေါ်လာ ၁၀၅၆)နဲ့ အရောင်း အ ဝယ်ဖြစ် ခဲ့ပါတယ်။၂၀၁၁-၁၂ ကြိတ်ခွဲရာသီ သကြားရောင်းချမှုဟာ ကမ္ဘာ့သကြားထွက်ရှိမှုအပေါ် မူတည်ရောင်းဝယ်သွားဖွယ် ရှိတယ်လို့ Liu ကဆိုပါတယ်။ တရုတ် နိုင်ငံဟာ ပြည်တွင်းသကြား ပြတ်လတ်မှုကို ဖြည့်ဆည်းဖို့နဲ့ အစိုးရအရံ သိုလှောင်မှုကို ပြည့်မီစေဖို့ မကြာသေးခင်နှစ်များအတွင်း သကြားတင်သွင်းမှု မြင့်တက်ခဲ့ ပါတယ်။ ယခုနှစ် ပထမ ၉ လအတွင်း တန်ချိန် ၁ ဒသမ ၆၇ သန်း တင်သွင်းခဲ့ပြီးဖြစ်လို့ ယခင်တစ်နှစ်ထက် ၂၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ တယ်လို့ သိရပါတယ်။
ယမင်းခင်
Source: Reuters
၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလကစတင်ခဲ့တဲ့ တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ခွင်သဘောတူစာချုပ် ( CAFTA ) ရဲ့ထောက်ကူမှုကြောင့်ဖြစ်ပေါ်လာရတဲ့ တိုးတက် မှုတွေကို လွန်ခဲ့တဲ့ ရက်သတ္တပတ်ကနန်နင်းမှာ ကျင်းပတဲ့ (၈) ကြိမ်မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ( CAEXPO ) မှာတွေ့မြင်နေရတယ်လို့
နက်ဝပ်ပစ္စည်းတွေထုတ်လုပ်ရာမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ကုမ္ပဏီဖြစ်တဲ့ ဟွာဝေးက Cloud Computing နည်းပညာကိုကျွမ်းကျင်တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက် ဖို့လမ်းဖွင့်ပေးထား ပါတယ်။ Cisco Systems မှအပ Oracle Corp အဆုံးကမ္ဘာ့နည်းပညာ Cloud Computing ကုမ္ပဏီတွေက စွမ်းဆောင်ရည်တွေ တိုးမြှင့်နိုင်ဖို့အတွက် တခြားကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကိုဝယ်ယူပြီး
ဂျာမဏီနိုင်ငံ Cologne မြို့တွင် အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်ထိ ကုန်စည်ပြပွဲ the Anuga Trade Exhibition ပြပွဲသို့ ထိုင်းနိုင်ငံမှ ဆန်တင်ပို့သူများ တက်ရောက်ခဲ့ပါသည်။ ထိုင်းအစိုးရ၏ ဆန်အာမခံဖြစ်ရေးအစီအစဉ်ဖြင့် နိုင်ငံတကာသို့ ပထမဆုံးဖော် ထုတ်ပြသခဲ့သော်လည်း တုံ့ပြန်မှုနည်းလျှက်ရှိ သည်။ ပြည်တွင်းမှာ ရေလွှမ်းမိုးမှု ဆိုးရွား စွာဖြစ်ပေါ်နေမှုက စိုးရိမ်ဖွယ်ရာဖြစ်သော်လည်း
ဒုတိယအကြိမ်မြောက် ဗီယက်နမ်ဆန်စပါးပွဲတော်ကို မဲခေါင်ဒေသ စိုထရမ်း(Soc Trang) ပြည်နယ်မှာ နိုဝင်ဘာလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပမယ်လို့ ပြည်နယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌ Quach Viet Tung က ပြောကြားပါတယ်။ ပွဲတော်ကျင်းပရခြင်းကတော့ ဗီယက်နမ်ဆန် မြှင့်တင်ဖို့နဲ့ နိုင်ငံဆန် ထုတ်လုပ်မှုကို အထောက်အပံ့ပြုနေတဲ့ တောင်သူများ၊ ဆန်တင်ပို့သူများနဲ့ သိပ္ပံပညာရှင်များကို ဂုဏ်ပြုဖို့အနေနဲ့ ကျင်းပခြင်းဖြစ် တယ်လို့ ပြောကြားပါတယ်။