အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု

Post date: 22/11/2011

ထိုင်းနိုင်ငံရဲ့ အဝတ်အထည်တင်ပို့မှုက နှစ်စဉ်  ၇ ဒသမ ၀၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်းတင်ပို့မှုက ကန်ဒေါ်လာ ၂ ဒသမ ၅၄၄ ဘီလီယံရရှိခဲ့ကြောင်း ထိုင်းနိုင်ငံ အထည်ချုပ်အသင်း Thai Garment Manufacturers Association (TGMA) က နောက်ဆုံးထုတ်ပြန်တဲ့ စာရင်း အင်းတွေအရ သိရှိရပါတယ်။ ဒါပေမဲ့ ယခုနှစ်ဆန်းပိုင်းမှာ တိုးတက်နှုန်းက နှေးကွေးသွားကြောင်းနဲ့ စက်တင်ဘာလက သင်္ဘောတင်ပို့မှု က ၅ ဒသမ ၀၅ ရာခိုင်နှုန်း လျော့ကျကာ ကန်ဒေါ်လာ ၂၇၂ ဒသမ ၆ သန်းရရှိခဲ့ကြောင်း

Post date: 22/11/2011

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာမရေရာမှုများ၊ ကိုယ်ကျိုးစီးပွားကာကွယ်ပေးတဲ့ ကုန်သွယ်ရေးနဲ့ ပြည်တွင်းကုန်ကျစရိတ်တွေ မြင့်တက်လာမှုတို့ကြောင့် တရုတ်ရဲ့ ပို့ကုန်အပေါ်ဖိအားတွေရှိနေကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၆ ရက်နေ့က ပြောကြားလိုက်တယ်။ လာမယ့်ကာလအတွင်း ပို့ကုန်အခြေအနေ အတွက် အလားအလာကောင်းတွေ မရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Shen Danyang က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

Post date: 15/11/2011

စင်ကာပူရှိစာရင်းအင်းကဏ္ဍာအတွက် ထက်မြက်သူများကိုဆွဲဆောင်ထိန်းသိမ်းထားရေးမှာ အဓိကစိန်ခေါ် မှုဖြစ်နေ ကြောင်း ဘဏ္ဍာရေးနဲ့သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနပြန်နယ်ဝန်ကြီး မစ္စဂျိုးဇက်ဖင်တဲအိုက စင်ကာပူ ငွေစာရင်းအစည်း အဝေးမှာ နိုဝင်ဘာ ၅ ရက်က ပြောပါတယ်။ ကျွမ်းကျင်တဲ့ငွေစားရင်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်တွေကိုရရှိအောင် လူသစ်ခေါ် စုဆောင်းရာမှာ အခက်အခဲရှိ တယ်လို့

Post date: 15/11/2011

ပုံနှိပ်သတင်းစာဖြန့်ချိမှုက ၁ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပေမဲ့ စင်ကာပူရှိအရွယ်ရောက်သူအများစု အတွက် ပုံနှိပ်သတင်း စာက အဓိကအားထားစရာဖြစ်နေပါသေးတယ်။ အသက် ၁၅ နှစ်နဲ့ အထက်ရှိ စင်ကာပူ မှာနေထိုင်သူ တွေကိုစစ်တမ်း ကောက်ယူရာမှာယခုလိုတွေ့ရှိရတာ ဖြစ်ပါတယ်။ စစ်တမ်းကို ၂၀၁၀ ပြည့်ဇူလိုင်မှ ၂၀၁၁ ခု ဇွန်လအတွင်းပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

Post date: 15/11/2011

ကယ်တင်ရေးစည်းကမ်းချက်များကိုလျှော့ချရန် တိုက်တွန်းမှုများရှိလာပြီးနောက်ပိုင်း ကြွေးမြီကယ်တင်ငွေ အစီအစဉ်ကို ပြန်လည်သုံးသပ်ရန် ဥရောပသမဂ္ဂ (အီးယူ)၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ် အက်ဖ်) နဲ့ ဥရောပ ဗဟိုဘဏ်မှအရာရှိတွေ ပေါ်တူဂီနိုင်ငံကိုနိုဝင်ဘာ ၇ ရက်နေ့က ရောက်ရှိလာပါတယ်။ ယခုအချိန် ထိဆောင်ရွက်ပြီး လုပ်ငန်းများကို အကဲအဖြတ်ဖို့နဲ့ လာမဲ့သုံးလပတ်တွေအတွက်

Post date: 15/11/2011

ကိုရီးယားနိုင်ငံမှာ အင်တာနက်လုပ်ငန်းတွေထူထောင်ရာမှ အားပေးကူညီဖို့နဲ့ ကမ္ဘာမှာလူသိအများဆုံး Search Engine  ဖြစ်တဲ့ ယူကျုမှာ K-pop   သီးသန့်ချန်နယ်ကိုဆောင်ရွက်ဖို့ ဂူးဂဲဥက္ကဌ အီရစ်ရှမစ်က ကတိပြုခဲ့ ပါတယ်။ ဂူးဂဲအမှုဆောင် ဘုတ်အဖွဲ့ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ရှမစ်က နိုဝင်ဘာ ၇ ရက်နေ့က တောင်ကိုရီးယား သမ္မတလီမြောင်ဘက်နဲ့ တွေ့ဆုံပြီးနောက် ယခုလိုကတိပြုခဲ့တာဖြစ်တယ်လို့

Post date: 15/11/2011

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲခရစ်စတင်းလာဂတ်က တရုတ်နိုင်ငံကို နိုဝင်ဘာ ၉ ရက်နေ့မှာ သွားရောက်ပြီး ယူရိုဇုန်အကျပ်အတည်းနက်ရှိုင်းနေတဲ့ ကိစ္စကိုဆွေးနွေးပြီး ကယ်တင်မှုရန်ပုံငွေအတွက် တရုတ်နိုင်ငံ ဖြည့်ဆည်းနိုင်မဲ့ အခြေအနေကိုဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။

Post date: 15/11/2011

ကြော်ငြာလုပ်ငန်းမှာ ဂူးဂဲနဲ့ဖေ့ဘွတ်တို့ရဲ့ လွှမ်းမိုးမှုကတစစကြီးထွားနေပါတယ်။ ဒါကြောင့် ယာဟူး၊ မိုက်ကရိုဆော့ ကော်ပိုရေးရှင်းနဲ့ အေအိုင်အယ်လ်တို့က ကြော်ငြာလုပ်ငန်းမှာ ဖက်စပ်ပူးပေါင်းဆောင်ရွက်လာပါတယ်။ မဟာမိတ်အဖြစ ်ပူးပေါင်းမှုကို နိုဝင်ဘာ ၈ ရက်နေ့ကကြေညာခဲ့ပါတယ်။ ဒီပူးပေါင်းမှုအရ display ads လို့ခေါ်တဲ့ မရောင်းရသေးတဲ့ပရီမီယံ ကြော်ငြာလက်ကျန်တွေကို လာမဲ့နှစ်စောစောပိုင်းအချင်းချင်း ပြန်လည်ရောင်းချဖို့ ဖြစ်ပါတယ်။

Post date: 15/11/2011

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၄ ရက်က မပြေမလည်နဲ့ ပြီးဆုံးခဲ့ပါတယ်။ အစည်းအဝေးမှာ ဥရောပကြွေးမြီ အကျပ်အတည်း သက်သာအောင်ဆောင်ရွက်ဖို့ ပြင်ပမှနောက်ထပ်ငွေကြေးမရခဲ့သည့်အပြင် ဂရိနိုင်ငံကိုကြွေးမြီအကျပ် အတည်းမှ လွတ်မြောက်စေမဲ့အစီအစဉ်ကို အီတလီကိစ္စကလွှမ်းမိုးခဲ့ပါတယ်။

Post date: 14/11/2011

ဝယ်လိုအားကောင်းပြီး လက်ကျန်စားအုန်းဆီပမာဏ  ကျဆင်းမှုကြောင့် မလေးရှား စားအုန်းဆီကြမ်းဈေး ၃ လ အတွင်း အမြင့်ဆုံးကို မြင့်တက်ခဲ့ပါတယ်။ လာမယ့်လများမှာ စားအုန်းဆီအထွက်လျော့ကျဖွယ် ရှိတာကြောင့်လည်း ဈေးအတက် ဘက်  ဦးတည်လာတာဖြစ်ပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလအခြေခံစံနှုန်းကြိုပွိုင့်ဈေးဟာ သြဂုတ်လ ၃ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်တဲ့ တစ်တန် ရင်းဂစ် ၃၁၃၀ (ကန်ဒေါ် လာ ၉၉၄) ကို မြင့်တက်ခဲ့ပါတယ်။

Pages