ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၀၂၈၂၁၅.၈၁၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၈၀.၁၅၆) သန်း၊ နယ်စပ်မှ (၆၁၈၉၅.၉၂၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀.၄၆၉) သန်း၊ စုစုပေါင်း (၁၀၉၀၁၁၁.၇၄၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၃၀.၆၂၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၁-၂၀၂၂(Mini Budget) (၃၁-၃-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်
(၃၁-၃-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၂၇၉.၁၄၅ ၈.၇၅၆ ၂၈၇.၉၀၁
ကီလို ၃၆၂၁၅၄.၉၅၆ ၈၉၃၄.၉၄၆ ၃၇၁၀၈၉.၉၀၂
  ပဲတီစိမ်း US$ ၂၈၇.၃၂၀ ၈.၉၀၀ ၂၉၆.၂၂၀
ကီလို ၃၆၈၇၇၅.၉၃၀ ၁၄၅၆၄.၈၉၃ ၃၈၃၃၄၀.၈၂၃
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၁၇၅ ၀.၁၇၅
ကီလို   ၁၆၀.၀၀၀ ၁၆၀.၀၀၀
  ပဲစဉ်းငုံ US$ ၈၄.၈၆၅ ၀.၀၀၀ ၈၄.၈၆၅
ကီလို ၁၂၆၅၄၇.၈၃၉ ၀.၀၀၀ ၁၂၆၅၄၇.၈၃၉
  ကုလားပဲ US$ ၃.၈၅၂ ၀.၀၇၀ ၃.၉၂၂
ကီလို ၆၀၃၄.၆၆၀ ၉၈.၀၀၀ ၆၁၃၂.၆၆၀
  ပဲလွန်းဖြူ US$ ၁၈.၉၂၈ ၀.၃၃၇ ၁၉.၂၆၅
ကီလို ၂၆၃၆၉.၃၂၂ ၇၅၅.၉၁၅ ၂၇၁၂၅.၂၃၇
  မြေထောက်ပဲ US$ ၂၆.၇၃၉ ၃.၇၁၁ ၃၀.၄၅၀
ကီလို ၃၄၄၃၄.၅၇၆ ၅၈၇၇.၃၈၅ ၄၀၃၁၁.၉၆၁
  ထောပတ်ပဲ US$ ၃.၈၇၈ ၀.၀၃၀ ၃.၉၀၈
ကီလို ၅၆၅၇.၂၄၀ ၅၂.၅၀၀ ၅၇၀၉.၇၄၀
   ပဲယင်း US$ ၃၅.၁၈၂ ၀.၃၉၄ ၃၅.၅၇၆
ကီလို ၄၉၂၆၃.၂၁၅ ၈၆၃.၄၅၀ ၅၀၁၂၆.၆၆၅
  ၁၀ ပဲကြီး US$ ၂.၂၄၂ ၀.၀၁၉ ၂.၂၆၁
ကီလို ၃၃၉၄.၈၇၀ ၃၄.၀၀၀ ၃၄၂၈.၈၇၀
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၁.၂၀၃   ၁.၂၀၃
ကီလို ၁၇၇၉.၆၁၅   ၁၇၇၉.၆၁၅
  ၁၂ စွန်တာပြာ US$ ၀.၃၈၀ ၀.၀၀၀ ၀.၃၈၀
ကီလို ၅၈၄.၉၉၀ ၀.၀၀၀ ၅၈၄.၉၉၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၄ ပဲဖြူလေး US$ ၀.၃၃၈ ၀.၀၀၀ ၀.၃၃၈
ကီလို ၄၅၈.၅၀၀ ၀.၀၀၀ ၄၅၈.၅၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၁၂.၄၁၈ ၀.၀၀၀ ၁၂.၄၁၈
ကီလို ၁၇၅၀၉.၉၄၀ ၀.၀၀၀ ၁၇၅၀၉.၉၄၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၂၉၈ ၀.၀၀၀ ၀.၂၉၈
ကီလို ၄၁၁.၀၀၀ ၀.၀၀၀ ၄၁၁.၀၀၀
  ၁၇ ပဲနီကြား US$   ၀.၀၇၈ ၀.၀၇၈
ကီလို   ၁၉၅.၀၀၀ ၁၉၅.၀၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၁၈၂ ၀.၁၈၂
ကီလို   ၂၁၆.၅၀၀ ၂၁၆.၅၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၃.၁၇၀ ၃.၁၇၀
ကီလို   ၄၅၁၄.၂၇၇ ၄၅၁၄.၂၇၇
  ၂၀ မြေပဲဆံ US$ ၂၃.၀၁၆ ၂၄.၆၄၇ ၄၇.၆၆၃
ကီလို ၂၄၃၂၄.၃၇၆ ၂၅၆၂၉.၀၅၈ ၄၉၉၅၃.၄၃၄
  ၂၁ အခြားပဲ US$ ၀.၃၅၂ ၀.၀၀၀ ၀.၃၅၂
ကီလို ၅၁၄.၇၈၈ ၀.၀၀၀ ၅၁၄.၇၈၈
    ပဲတင်ပို့မှုစုစုပေါင်း US$ ၇၈၀.၁၅၆ ၅၀.၄၆၉ ၈၃၀.၆၂၅
ကီလို ၁၀၂၈၂၁၅.၈၁၇ ၆၁၈၉၅.၉၂၄ ၁၀၉၀၁၁၁.၇၄၁

Pages