ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၂-၄-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၀၅၅၆.၂၉၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၉.၃၈၂) သန်း၊ နယ်စပ်မှ (၁၁၄၃၁.၈၉၃) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇.၉၃၃) သန်း၊ စုစုပေါင်း (၁၀၁၉၈၈.၁၉၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇.၃၁၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၂-၄-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -      

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
(၂၂-၄-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၇.၉၄၇ ၀.၆၁၄ ၈.၅၆၁
ကီလို ၁၀၃၉၅.၂၁၅ ၆၇၈.၃၀၀ ၁၁၀၇၃.၅၁၅
  ပဲတီစိမ်း US$ ၄၀.၀၃၅ ၂.၇၇၄ ၄၂.၈၀၉
ကီလို ၅၁၀၇၈.၅၄၉ ၄၁၂၁.၈၇၅ ၅၅၂၀၀.၄၂၄
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ပဲစဉ်းငုံ US$ ၁.၂၇၂ ၀.၀၁၈ ၁.၂၉၀
ကီလို ၁၇၅၀.၂၅၀ ၂၅.၀၀၀ ၁၇၇၅.၂၅၀
  ကုလားပဲ US$ ၀.၈၀၆ ၀.၀၀၄ ၀.၈၁၀
ကီလို ၁၂၃၃.၃၀၀ ၆.၀၀၀ ၁၂၃၉.၃၀၀
  ပဲလွန်းဖြူ US$ ၃.၁၀၅ ၀.၁၄၄ ၃.၂၄၉
ကီလို ၄၅၁၃.၀၁၀ ၃၀၃.၉၂၈ ၄၈၁၆.၉၃၈
  မြေထောက်ပဲ US$ ၆.၀၉၄ ၂.၀၀၅ ၈.၀၉၉
ကီလို ၈၂၉၂.၆၃၉ ၃၀၈၇.၆၂၀ ၁၁၃၈၀.၂၅၉
  ထောပတ်ပဲ US$ ၂.၀၅၀ ၀.၀၆၄ ၂.၁၁၄
ကီလို ၂၅၄၂.၆၉၁ ၁၁၈.၀၀၀ ၂၆၆၀.၆၉၁
   ပဲယင်း US$ ၃.၉၅၆ ၀.၃၂၅ ၄.၂၈၁
ကီလို ၅၀၂၇.၆၉၇ ၆၉၈.၀၀၀ ၅၇၂၅.၆၉၇
  ၁၀ ပဲကြီး US$ ၁.၁၀၆ ၀.၀၆၇ ၁.၁၇၃
ကီလို ၁၅၇၉.၂၈၀ ၁၂၁.၅၀၀ ၁၇၀၀.၇၈၀
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၅၃၁   ၀.၅၃၁
ကီလို ၇၁၂.၉၄၂   ၇၁၂.၉၄၂
  ၁၂ စွန်တာပြာ US$ ၀.၁၂၂ ၀.၀၀၀ ၀.၁၂၂
ကီလို ၁၆၄.၀၀၀ ၀.၀၀၀ ၁၆၄.၀၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၀၇၁ ၀.၀၇၁
ကီလို   ၁၁၃.၅၀၀ ၁၁၃.၅၀၀
  ၁၄ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၁.၆၁၆ ၀.၀၀၀ ၁.၆၁၆
ကီလို ၂၂၁၂.၄၀၀ ၀.၀၀၀ ၂၂၁၂.၄၀၀
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၇ ပဲနီကြား US$   ၀.၁၄၈ ၀.၁၄၈
ကီလို   ၃၆၅.၅၀၀ ၃၆၅.၅၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၀၁၆ ၀.၀၁၆
ကီလို   ၁၉.၅၀၀ ၁၉.၅၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၀၃၂ ၀.၀၃၂
ကီလို   ၄၁.၈၅၀ ၄၁.၈၅၀
  ၂၀ မြေပဲဆံ US$ ၀.၄၆၈ ၁.၆၃၇ ၂.၁၀၅
ကီလို ၅၄၈.၁၀၀ ၁၆၉၆.၈၂၀ ၂၂၄၄.၉၂၀
  ၂၁ အခြားပဲ US$ ၀.၂၇၄ ၀.၀၁၄ ၀.၂၈၈
ကီလို ၅၀၆.၂၂၄ ၃၄.၅၀၀ ၅၄၀.၇၂၄
    ပဲတင်ပို့မှုစုစုပေါင်း US$ ၆၉.၃၈၂ ၇.၉၃၃ ၇၇.၃၁၅
ကီလို ၉၀၅၅၆.၂၉၇ ၁၁၄၃၁.၈၉၃ ၁၀၁၉၈၈.၁၉၀

Pages