ထိုင်းနိုင်ငံရဲ့ ပို့ကုန်ကျဆင်းလျက်ရှိ
ထိုင်းနိုင်ငံရဲ့ ပို့ကုန်ဟာ ဇန်နဝါရီလမှာ မျှော်မှန်းထားသည်ထက် ပိုမိုကျဆင်းလျက်ရှိနေပြီး ၅ လအတွင်းမှာ အနိမ့်ဆုံး ပမာဏထိ ရောက်ရှိခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေး အကောင်းဆုံး အဆင့်ကိုလည်း စွန်လွှတ် လိုက်ရပြီဖြစ်ပါတယ်။ အစိုးရအနေနဲ့ အခြေခံအဆောက်အဦ စီမံကိန်းများမှာ ပိုမိုသုံးစွဲနေချိန်မှာ ပို့ကုန်ဆောင်ရွက်နိုင် မှုလျော့နည်း လာတဲ့အပြင် ပြည်တွင်းသုံးစွဲမှု ဟာလည်း ကျဆင်းလာ လျက်ရှိပါတယ်။
