မလေးရှားနဲ့ စင်ကာပူသို့ရော်ဘာတန် ၇၀ဝ ကျော်တင်ပို့

 

          ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁ ရက်နေ့ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၉၂၁ သန်းဖိုးရှိ ရော်ဘာ ၇၀၆ တန်ကျော်ကို မလေးရှားနဲ့ စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ မလေးရှားနိုင်ငံကို RSS-3တန်  ၄၁၀နဲ့ MSR-20တန် ၁၀ဝကျော်တင်ပို့ခဲ့ပြီး စင်ကာပူနိုင်ငံကို MSR-20 ၁၉၆ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်က မလေးရှားနဲ့ စင်ကာပူနိုင်ငံကို   ၁၉၅၇ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုသီတင်းပတ်မှာ ၁၂၅၁ တန်ခန့်လျော့နည်းခဲ့ပါတယ်။

သုံးစွဲရန် မသင့်သောအလှကုန်ပစ္စည်းစာရင်းအား ကျန်းမာရေးဝန်ကြီးဌာနက အများပြည်သူ သိရှိရန်ကြေညာ

 

          ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကိုသာ အများပြည်သူများ သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲလျက်ရှိပါတယ်။

မာလကာသီးရဲ့ အံ့ဩဖွယ် ကျန်းမာရေးအထောက်အကူပြုမှုများ

 

          Myrtle မျိုးရင်းဝင်မာလကာသီး (Guava) ဟာ အပူပိုင်းဒေသသီးနှံတစ်ခုဖြစ်ပါတယ်။ သူရဲ့ မူရင်း ဒေသဟာ အမေရိကန်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်တောင်အမေရိကတိုက်ရဲ့ မြောက်ပိုင်းဒေသဖြစ်သော် လည်း ယခုအခါ စူပါမာကက်များမှာ အများအပြားရရှိနိုင်ပြီဖြစ်ပါတယ်။