ကမ္ဘာ့ရော်ဘာဈေးကျဆင်းလာတဲ့အတွက် အိန္ဒိယမှရော်ဘာတင်သွင်းမှု ၁၈ ရာခိုင်နှုန်းထိ မြင့်တက်နိုင်
လာမဲ့ဘဏ္ဍာနှစ်မှာ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်ပမှရော်ဘာတင်သွင်းမှုဟာ ၁၈ ရာခိုင်နှုန်းထိ တန်ချိန် အားဖြင့် ၅၀ဝဝဝ၀ မြင့်တက်လာနိုင်မယ်လို့ ရော်ဘာကဏ္ဍမှ တာဝန်ရှိသူများက ပြောကြား လိုက်ပါတယ်။ပြည်တွင်းသုံးစွဲမှုမြင့်တက်ခြင်းနဲ့ ကမ္ဘာ့ရော်ဘာဈေးများ ကျဆင်းလာခြင်းတို့ကြောင့်လို့ သိရပါတယ်။
