ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေးထိုင်းနိုင်ငံချင်းရိုင်ခရိုင်မှ တာဝန်ရှိသူများမျှော်မှန်း

 

           ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ မတ်လ ပထမပတ်အတွင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ]]Knowledge for Border Trade}} ဆွေးနွေးပွဲမှာ သဘာပတိအဖြစ်တာဝန်ယူခဲ့တဲ့ ထိုင်း-မြန်မာ ယဉ်ကျေးမှုနဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအသင်း( Thai-Myanmar Cultural and Econocic Cooperation Association-TMCECA) ဥက္ကဋ္ဌ  Gen Cheltha Thanajaro ကထိုင်းမြန်မာကုန်သွယ်မှုမြင့်တက်ရေးကို မျှော်မှန်းကြောင်း အဖွင့်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ဆွေးနွေးပွဲသို့ ချင်းရိုင်ခရိုင်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ကဏ္ဍနဲ့အရပ်ဖက်လူထုတို့ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

    မြန်မာနဲ့ထိုင်းနှစ်နိုင်ငံရဲ့ အပြန်အလှန်ကုန်သွယ် မှု ပမာဏမှာ မြင့်တက်နေကြောင်း ၊ထိုင်းနိုင်ငံရဲ့ (SMEs) အသေးစားအလတ်စားလုပ်ငန်းများ မြန်မာနိုင်ငံအတွင်းထိုးဖောက်ရန် ရင်းနှီးမြှုပ်နှံမှုများ လုံလောက်မှုမရှိသေးသော်လည်း မြန်မာနဲ့ ထိုင်းနိုင်ငံ အပြန်အလှန် ကုန်သွယ်မှုပမာဏမှာမူ မြင့်တက် နေတယ်လို့ TMCECA ဥက္ကဋ္ဌက ပြောကြားပါတယ်။

         ဆွေးနွေးပွဲမှာ TMCECA ချင်းရိုင်ရုံးခွဲ ဥက္ကဋ္ဌ Pakaimas Vierra က ထိုင်းနိုင်ငံမယ်ဆိုင် နဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တို့ရဲ့ အချိတ်အဆက်ဟာ သိသိသာသာ တိုးတက်လာပြီး နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ရာမှာ သိသိသာသာ အဆင်ပြေချောမွေ့နေတယ် လို့ပြောပါတယ်။မယ်ဆိုင်နဲ့တာချီလိတ် ကုန်သွယ်မှုမှာ တိုးတက်ကောင်းမွန်နေသော်လည်း တောင်ကြီးနဲ့ကုန်သွယ်မှုမှာတော့ အခက်အခဲများ ရှိနေ သေးတယ်လို့ သူကဆက်လက်ပြောကြားပါတယ်။

       ထိုင်း-မြန်မာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အရ ကျိုင်းတုံမှ တောင်ကြီးသို့ ဆက်သွယ်ရန် ဖောက်လုပ်နေသော R3B လမ်းမကြီးဟာထိုင်း-မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအတွက် အကျိုးရှိစေမှာ ဖြစ်ကြောင်း၊ သို့သော် အဆိုပါဖောက်လုပ်ရေး လုပ်ငန်း နှောင့်နှေးနေမှုကြောင့် ထိုင်းနိုင်ငံရဲ့ကုန်သွယ်မှု အခွင့်အလမ်းများဆုံးရှုံးနေရတယ်လို့ Pakaimas Vierra ကပြောကြားပါသေးတယ်။ TMCECA ဥက္ကဋ္ဌ Gen Chettha Thanajaro က ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရထံသို့ သူဆက်လက် တင်ပြ သွား မယ်ဖြစ်ကြောင်း နဲ့ ခိုင်မာတဲ့ ကြိုးပမ်းအားထုတ်မှု ရရှိစေရေး ဆောင်ရွက်သွားမယ်လို့ ပြောကြားပါတယ်။တစ်ချိန်တည်းမှာဘဲ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံအခြေစိုက် ထိုင်းစီးပွားရေးဆိုင်ရာဝန်ကြီး Boon Intiratana က ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပြုတဲ့ မယ်ဟောင်ခွန်၊ မယ်ဆိုင်၊မဲဆောက်တို့နဲ့ ကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ ၄ ဘီလီယံရှိနေပြီဖြစ်ပါတယ။် TMCECA ဥက္ကဋ္ဌ Gen Chettha Thanajaro ကလည်း မယ်ဆိုင်နဲ့ ကျိုင်းတုံ၊တောင်ကြီးဆက်သွယ်ရေးလမ်းကြောင်းကောင်းမွန်တာနဲ့အမျှ ထိုင်းမြန်မာ ကုန်သွယ်မှုဟာ တိုးတက် လာနိုင်ကြောင်းနဲ့  AEC ASEAN Economic Community အကောင်အထည်ဖော်လာလျှင် အခွန် သက်သာခွင့်များရရှိသွားမှာဖြစ်၍ကုန်သွယ်မှုပိုမိုတိုးတက် လာမယ်လို့မျှော်မှန်းကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြင့်ရေး အတွက် နှစ်နိုင်ငံကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်ရေးနဲ့ကောင်းမွန်သော ဆက်ဆံရေးများရရှိစေရန် ပိုမိုကြိုးပမ်းလုပ်ဆောင်ပေးသွား မယ်လို ]]Knowledge for Border Trade}} ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေး ခဲ့တယ်လို့သတင်းရရှိပါတယ်။

 

                                                                                တိမ်ကင်းစင်