နယ်စပ်စခန်းများမှ ဖေဖော်ဝါရီလအတွင်း ရော်ဘာ ၁၅၄၀ တန်တင်ပို့

 

           ဖေဖော်ဝါရီလ၂၁ ရက်နေ့မှ၂၇ ရက်နေ့ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၈၉ သန်း ဖိုးရှိ ရော်ဘာ ၁၃၅ တန်ကျော်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့ခဲ့ပါတယ်။မူဆယ်မှ ယခု သီတင်းပတ်မှာ RSS-3 ၁၃၁ တန်နဲ့ MSR -50 ၄ တန်ခွဲ တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်ကလည်း မူဆယ်မှ ရော်ဘာ ၁၃၆ တန် တင်ပို့ခဲ့တဲ့အတွက် ပုံမှန်အပို့ရှိနေတယ်လို့ဆိုရပါမယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဖေဖော်ဝါရီလအတွင်းရေထွက်ကုန် တန် ၉၀ဝကျော်တင်ပို့

           ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၁၂ သန်းဖိုးရှိတဲ့ ရေထွက်ကုန် ၁၂၉ တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ အမယ်တွေကတော့ ပုစွန် ၁၀ တန်၊ ငါးကုန်းညိုခြောက် တန်၃၀၊ ငါးစုံလေးခြောက် ၈၄ တန်နဲ့ကဏန်း     ၅ တန် ဖြစ်ပါတယ်။ပုစွန်ကို တစ်ဖက်နိုင်ငံမှ ပြန်လည်လက်ခံတဲ့အတွက် တင်ပို့နိုင်တာဖြစ်ပြီး ကဏန်းကို ယခုတစ်ပတ်မှတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်က ရေထွက်ကုန် ၄၂၈ တန်တင်ပို့နိုင်ခဲ့တဲ့တွက် ယခုတစ်ပတ်မှာ ၂၉၉ တန်ခန့်လျော့နည်းခဲ့ပါတယ်။

မဏိပူရပြည်နယ်အစိုးရမှ စက်မှုနှင့် ကုန်သွယ်ရေးကော်မရှင်နာနဲ့အဖွဲ့ တမူးနယ်စပ်ကုန်သွယ်ရေးသို့လာရောက်

 

          မဏိပူရပြည်နယ် အစိုးရအဖွဲ့မှ စက်မှုနှင့် ကုန်သွယ်ရေးကော်မရှင်နာ Vivek Kumar Dewangan  ဦးဆောင်သော ကိုယ်စားလှယ် ၁၀ ဦးပါ အဖွဲ့သည် ၂၀၁၅ ခုနှစ် မတ်လ ၁ ရက်နေ့ ၁၃ း ၃၀ ချိန်တွင် တမူး နယ်စပ်ကုန်သွယ်ရေး စခန်းသို့ ရောက်ရှိလာပြီး OSS အဖွဲ့ဌာနတာဝန်ခံများ၊ နယ်စပ်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပါသည်။