ရှောင်ကွင်းလမ်းမှ သွားလာနေသော မော်တော်ယာဉ်များ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်လာသဖြင့် မြဝတီနယ်စပ်ကုန်သွယ်မှုပိုမို
မတ်လအတွင်း တံတားကျိုး စစ်ဆေးရေးဂိတ်မှ ကုန်တင်ယာဉ်များအား လိုင်စင်၊ ဂျူတီများ ပါရှိမှုရှိ။မရှိ စိစစ်ဆောင်ရွက်လျက်ရှိရာ ယခင်ရှောင်ကွင်းလမ်းမှ သွားလာနေသော မော်တော်ယာဉ်များ တရားဝင် ကုန်သွယ်မှုဆောင်ရွက် လာ၍ ပို့ကုန်သွင်းကုန် ကားများဇုန် အတွင်း ဝင်ရောက်မှုပိုမိုခဲ့သဖြင့် မြဝတီနယ်စပ် ကုန်သွယ်မှုမှာ အနီးစပ်ဆုံး ကာလထက်ရော ယခင်နှစ်ကာလတူ ထက်ပါ ကုန်သွယ်မှု ပမာဏများ ပိုမိုဆောင်ရွက် နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
