နိုင်ငံခြားဖြစ် ဝိုင်အမျိုးမျိုးကို မတ်လ ၁၇ ရက်နေ့မှ၍ ပင်လယ်ရေကြောင်းနဲ့ လေကြောင်းတို့မှ တရားဝင်တင်သွင်းခွင့်ပြုလိုက်ပြီ

 

          အရက်၊ဘီယာ၊ဝိုင်တို့ကို ယခင်က တင်သွင်းရန် ကန့်သတ်ထားခဲ့သော်လည်း ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိခြင်း၊ ပြောင်းလဲလာသော အခြေအနေများအရ နိုင်ငံခြားသားဝင်ထွက်မှု များပြားလာခြင်းတို့ကြောင့် နိုင်ငံတကာမှာ ဖွင့်လှစ်ရောင်းချပေးလျက် ရှိတဲ့ Duty Free Shops  (အကောက်ခွန်လွတ်အရောင်းဆိုင်များ) မှာ ရောင်းချရန် အတွက်နဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနရဲ့ ထောက်ခံချက်နဲ့ ဟိုတယ်များတွင် အသုံးပြုရန်အတွက် တင်သွင်းခွင့်ပြုပေးလျက်ရှိပါတယ်။

အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုတိုးတက်နေတဲ့ မြဝတီကုန်သွယ်ရေးဇုန်

 

          မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ မြဝတီကုန်သွယ်ရေးဇုန်က ဖေဖော်ဝါရီလ လုပ်ငန်းဆောင်ရွက်မှုဟာ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ကုန်သွယ်မှုပိုမိုခဲ့ပါတယ်။

မြဝတီနဲ့ ကော့သောင်းနယ်စပ်မှ ဖေဖော်ဝါရီလအတွင်း သီဟိုဠ်စေ့ ၁၃ တန်ကျော် တင်ပို့နိုင်

 

          မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ အတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ၁၃ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  မတ်လ ၇ ရက်မှ ၁၃ ရက်တာကာလ အတွင်းမှာ ကော့သောင်း နယ်စပ်စခန်းမှ သီဟိုဠ်စေ့ ၉ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ဝ၇၂ သန်း တင်ပို့နိုင်ခဲ့ပေမဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခဲ့ခြင်းမရှိပါ။