၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအထိ ကျောက်စိမ်းဟု ယူဆရသော ကျောက်နှင့် အခြားကျောက်များ Mobile Team မှသိမ်းဆည်းရရှိမှု ခန့်မှန်းတန်ဖိုး ကျပ်သန်း ၃၅၉၉ ရှိ

 

          ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလထိ Mobile Team အဖွဲ့များမှ ခန့်မှန်းတန်ဖိုး ကျပ် ၃၅၉၉ သန်း တန်ဖိုးရှိ ကျောက်စိမ်းဟုယူဆရသော ကျောက်၊ အင်ကြင်းကျောက်၊ သလင်းကျောက်၊ စကျင်ကျောက်နှင့် သတ္တုကျောက်မှုန့်များကို ၇၆၅၀၂ ကီလိုကို အမှုတွဲ ၁၁၃ ခု ဖွင့်လှစ်အရေးယူ ထိန်းသိမ်းခဲ့ရတယ်လို့သတင်းရရှိပါတယ်-

နောင်ချိုလရ-၁အဖွဲ့သို့ ဝင်ရောက်စစ်ဆေးခဲ့သော (၆)ဘီးယာဉ်(၁)စီးပေါ်မှ အကောက်ခွန်မဲ့ စပိုင်ဝိုင်များသိမ်းဆည်း

 

          မတ်လ ၃၀ ရက် နံနက် ဝ၄း၃၀ ချိန်မှာ နောင်ချို လရ-၁ အဖွဲ့သို့ ဝင်ရောက်စစ်ဆေးခံသော ၆ ဘီးယာဉ် ပေါ်မှ အကောက်ခွန်မဲ့ တင်ဆောင်လာသော ှSpy ဝိုင် ၂၅ ဖာအား ရှာဖွေတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး  အကောက်ခွန် အမှုတွဲ ဖွင့်နိုင်ရေးဆောင်ရွက်နေတယ် လို့ ရှေ့ပြေးသတင်းရရှိခဲ့ပါတယ်။၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလထိ အရက်ဘီယာဝိုင်သိမ်းဆည်းရမိမှု ၃၇၂ မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၅၂၆ သန်းဖိုး ရှိပြီလို့သိရပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်တွင် ဧပြီလ(၁)ရက်နေ့မှ စတင်၍ Weigh Bridge နှင့် X-Ray Machine အသုံးပြုတော့မည်

 

          မြဝတီကုန်သွယ်ရေးဇုန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစီအစဉ်နှင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလက တည်ဆောက်ခဲ့သော Weigh Bridge မှာ ပြီးစီးပြီဖြစ်၍ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ချိန်တွယ်မှုလုပ်ငန်းများစတင်တော့မည်ဟု သတင်းရရှိသည်။

မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက ရက် ၂၀ အတွင်း ငါးမှုန့် ၈၅၅ တန်တင်ပို့နိုင်

 

          မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက မတ်လ ၁ ရက်မှ  ၂၀ ရက်အတွင်း ကနု်ဒေါ်လာ သုည ဒသမ ၆၈၂ သန်းတန်ဖိုးရှိ ငါးမှုန့် ၈၅၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဖြစ်သော ဧပြီလမှ ဖေဖော်ဝါရီလအတွင်းမှာ ငါးမှုန့် တန်ချိန် ၁၇၂၈၆ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၁၀ ဒသမ ၄၅၆ သန်းတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြောင်းကြိတ်ဖတ်မှုန့် တရုတ်ပြည်ကိုတင်ပို့

 

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လ တတိယပတ်အတွင်း ကန်ဒေါ်လာ ၁၀၅၁၆ တန်ဖိုးရှိ ပြောင်းကြိတ်ဖတ်မှုန့် ၁၀၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ယခင်တစ်ပတ်က ၁၆ တန်ခွဲသာ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ပြောင်းကြိတ်ဖတ် တင်ပို့မှု ပိုမိုလာပါတယ်။ပြောင်းကြိတ်ဖတ်ကို တရုတ်နိုင်ငံမှာ တိရစ္ဆာန်အစာအတွက် အသုံးပြုကြတာလို့သိရပါတယ်။

တရားဝင်တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်တဲ့ ဝိုင်တင်သွင်းပြီးနောက် အခွန်အခပေးဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနဲ့ ဆိုင်ဖွင့်လှစ်ခြင်း စစ်ဆေးအရေးယူခြင်းဆိုင်ရာသိကောင်းစရာ

 

          ဝိုင်ကို အကန့်အသတ်ဖြင့် တရားဝင် တင်သွင်းခွင့်ပြုခြင်းဖြင့် တရားမဝင်တင်သွင်းမှု ထိန်းချုပ်နိုင်ရန် ၊ နိုင်ငံတော်အခွန်အခများ အပြည့်အဝ ရရှိနိုင်ရန် နဲ့  ပြည်တွင်းဈေးကွက် လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန် မတ်လ(၁၇) ရက် နေ့မှစ၍ ပြည်ပမှ တရားဝင် တင်သွင်းခွင့် ပြုလိုက်ပြီဖြစ်ပါတယ်။

 

အခွန်အခပေးဆောင်ခြင်း