မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ဒေသတွင်းထွက်ကုန်နည်းပါးသော်လည်း ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏလျာထားချက် ပြည့်မီအောင်ဆောင်ရွက်နိုင်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းသည် ဒေသတွင်းကုန်ပစ္စည်း ထွက်ရှိမှု နည်းပါးသော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏလျာထားချက် ပြည့်မီ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များမှ မှာယူပြီး ကုန်သည်လုပ်ငန်းရှင်များက ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြသဖြင့် ကုန်သွယ်မှုရလဒ်ကောင်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း မတ်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ တာဝန်ရှိသူများက ပြောကြားခဲ့တာဖြစ်ပါတယ်။
