လုပ်ငန်းသုံးယာဉ် (၁၃) မျိုး ပြည်ပမှ တင်သွင်းခွင့်အတွက် ထုတ်လုပ်သည့်ခုနှစ် ဖြေလျော့သတ်မှတ်ခွင့်ပြု
ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုရာမှာထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်ကို ပြက္ခဒိန် နှစ်အလိုက် နှစ်စဉ် ထုတ်ပြန်သတ်မှတ်လျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ် အမျိုးအစားအလိုက် တင်သွင်းခွင့်ပြုမဲ့ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်အား ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၏ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်စွဲပါစာဖြင့် ကြေညာထားပြီးဖြစ်ပါတယ်။
