Department of Trade
တရားမဝင် တင်သွင်းလာသော ဂြိုလ်တုရုပ်သံဖမ်းစက်၊ အသံချဲ့စက်၊ ရေခဲသေတ္တာ၊ ပန်ကာ၊ အဝတ်လျှော်စက်၊ လူသုံးကုန်ပစ္စည်းများစွာ မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း တာဝန်ကျ Mobile Team ကကုန်တင်ယာဉ်(၄)စီးပေါ်မှ စစ်ဆေးတွေ့ရှိ
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသော Mobile Team လရ-၂ အဖွဲ့သည် သတင်းပေး တိုင်ကြားချက်အရ မတ်လ ၂၇ ရက်နေ့မှာ မော်တော်ယာဉ်(၄)စီးအား ညောင်ခါးရှည်၌ တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Kanchanaburi မှာ ထိုင်း-မြန်မာ-တရုတ်ကုန်စည်ပြပွဲကျင်းပ
Kanchanaburi ခရိုင်ရဲ့ အနောက်ပိုင်းမှာ ထိုင်း-မြန်မာ-တရုတ် ကုန်စည်ပြပွဲကို မတ်လ ၂၆ ရက်မှ ၃၁ ရက်ထိ ၆ ရက်ကြာ ကျင်းပခဲ့ပါတယ်။ကုန်စည်ပြပွဲကို သုံးနိုင်ငံအကြား ကုန်သွယ်မှုနဲ့ ခရီးသွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကျင်းပ ခဲ့တယ်လို့သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမတွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
မြဝတီကုန်သွယ်ရေးဇုန်က မတ်လအတွင်း လယ်ယာထွက်ကုန် ကန်ဒေါ်လာ ၂ သန်းနီးပါးတင်ပို့နိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အဓိကပို့ကုန်ဖြစ်တဲ့ လယ်ယာထွက်ကုန်ကို ၂၀၁၅ ခုနှစ် မတ်လအတွင်း ကန်ဒေါ်လာ ၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန် များမှာ မြေပဲဆံ ၂၀၆ တန်ကျော်၊ ကြက်သွန်နီ ၆၁၁ တန်ကျော်၊ နှမ်း ၅၁ တန်ကျော် ၊ မတ်ပဲ ၂၄ တန်ကျော်၊ ပဲလွန်းဖြူ ၄၃ တန်ကျော်၊ ကြံ ၁ တန်၊ သီဟိုဠ်စေ့ ၃ တန် နဲ့ပဲတီစိမ်း၊ ဆီးသီးခြောက်တို့ကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။
