ကျန်းမာရေးနဲ့အာဟာရအတွက် အကျိုးပြုတဲ့မျှစ်

  ဝါးပင်သည် မြက်မျိုးရင်းဝင် တစ်မျိုးဖြစ်ပြီး Bambusoideae  မျိုးနွယ်စုဝင် ဖြစ်ပါတယ်။ အရှည်ဆုံးနဲ့ အကြီးဆုံး မြက်မျိုးနွယ်ဝင် တစ်ခုဖြစ်ပါတယ်။ အဆိုပါဝါးရဲ့ အစို့ဟာ အာဟာရအြွကယ်ဝဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အဆိုပါ ဝါးအစို့ကို မျှစ် လို့ခေါ်ဝေါ်ကြပါတယ်။

   မျှစ်ဟာ အာရှနိုင်ငံများဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ အလွန်ထင်ရှား ကျော်ကြားလူကြိုက်များကြပါတယ်။တရုတ်နိုင်ငံ ရာဇဝင်အရ (Tang Dynasty) တန်မင်းဆက်ခေတ်ကစပြီး  မျှစ်ကို စားသုံးခဲ့ကြတယ်လို့ သိရပါတယ်။

    မျှစ်ရဲ့ သွင်ပြင်လက္ခဏာတွေကတော့ အဝါဖျော့ရောင်အသား၊ အနည်းငယ်မွှေးပျံ့သော ရနံ့နဲ့ ကျွတ်ဆက်ခြင်းတို့ ဖြစ်ပါတယ်။မျှစ်ကို မချက်ခင်တစ်ညလုံးပေါက်ရေစိမ်ထားဖို့လိုအပ်ပါတယ်။ယခုဆောင်းပါးမှာ မျှစ်ရဲ့ ကျန်းမာရေးနဲ့ အာဟာရအတွက် အကျိုးရှိပုံများကို ပြုစုဖော်ပြသွားမှာဖြစ်ပါတယ်။

       မျှစ်ကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်လျှော့ချပေးနိုင်ခြင်း၊ ပိုတက်စီယမ်ဓါတ်မြင့်တက်စေခြင်း တို့ဖြစ်စေပါတယ်။မျှစ်မှာ အမျှင်ဓါတ်ြွကယ်ဝခြင်း၊ Phytochemicals  နဲ့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရများ ြွကယ်ဝပါတယ်။

ခန္ဓာကိုယ် အလေးချိန်လျှော့ချပေးခြင်း

     မျှစ်များကို အစားအသောက် ချင့်ချိန်ရန်စားသုံးရန် (Diet) အလို့ငှာ စားသုံးနိုင်ပါတယ်။မျှစ်မှာ အမျှင်ဓါတ်ြွကယ်ဝ သော်လည်း ကယ်လိုရီပါဝင်မှုလွန်စွာနည်းပါးပါတယ်။ မျှစ်တစ်ပန်းကန်စားသုံးလျှင် ကယ်လိုရီ ၁၃ ဂရမ်နဲ့ အဆီ ဂရမ်ဝက်ခန့် ရရှိစေနိုင်ပါတယ်။ မျှစ်မှာ သကြားဓါတ်ပါဝင်မှု နိမ့်ကျသော်လည်း ပရိုတင်းပါဝင်မှုမြင့်မားပါတယ်။ မကြာခဏ အစာစားတတ်သူ၊ အစားကြီးသူများအတွက် မျှစ်ဟာအလွန် သင့်လျော်တဲ့ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ မျှစ်ကိုစားသုံးခြင်းဖြင့် အဟာရဓါတ်များ ပြည့်ဝစေတဲ့အတွက် တစ်ရက်တာမှာ  လိုအပ်တဲ့ အာဟာရဓါတ်ရရှိရန် အကြိမ်ကြိမ်လိုအပ်တဲ့ အစာစားပေးရန် မလိုအပ်တော့ပေ။

အမျှင်ဓါတ်များစွာပါရှိခြင်း

   အထက်မှာ ဖော်ပြထားသလိုမျှစ်မှာ အမျှင်ဓါတ်များစွာ ပါဝင်တယ်ဆိုတာ အံ့မခန်းပါဘဲ။ မျှစ်ကို နေ့စဉ် ပုံမှန်စားသုံးခြင်းဖြင့် နေ့စဉ်လိုအပ်တဲ့ အမျှင်ဓါတ်ရဲ့ ၁၀ ရာခိုင်နှုန်းခန့်ထိကို ရရှိစေပါတယ်။အမျှင်ဓါတ်ဟာ နှလုံးကိုအားကောင်းစေသလို အူမကြီး ကိုလည်း သန့်ရှင်းစေပါတယ်။

 

ပိုတက်စီယမ်ဓါတ်ြွကယ်ဝခြင်း

    မျှစ်မှာ ပိုတက်စီယမ်ဓါတ်ပါဝင်မှုြွကယ်ဝသဖြင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေသလို               နှလုံးရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။သွေးလှည့်ပတ်မှုကို ချောမွေ့စေသလို ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ အောက်ဆီဂျင်ကို ဖြန့်ဝေမှုကို ပိုမိုစေနိုင်ပါတယ်။

Phytochemicals များပါရှိခြင်း

     Phytochemicals များသည်အပင်အခြေခံသော ကွန်ပေါင်းများဖြစ်ပြီး မှို၊ ဘက်တီးရီးယားများနဲ့ ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ကင်ဆာအပါအဝင် နာတာရှည်ရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။မျှစ်မှာ Lignans ပါရှိပြီး သွေးစီးဆင်းမှုကို မြန်ဆန်စေပြီး သွေးကြောများကို ပျော့ပြောင်း စေနိုင်ပါတယ်။ Phenolic အက်စစ်လည်းပါဝင်ရာ ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

    မျှစ်တွင်မရှိမဖြစ်သော ဗိုက်တာမင် A,B,C,E နဲ့အာဟာရ ဓါတ်များစွာပါရှိပါတယ်။ထိုဗိုက်တာမင်များမှာ  thiamin, riboflavin, niacin, folate နဲ့ pantothenic စတဲ့အက်စစ်များစွာ ပါဝင်လျက်ရှိပါတယ်။ ထို့အပြင် သတ္ထုဓါတ်များဖြစ်တဲ့ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖောစပရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ် ၊ ဇင့်၊ ကော့ပါး ၊ မဂ္ဂနီးစ်၊ စီလီနီယမ်နဲ့ သံဓါတ်များလည်းပါရှိရာ ခန္ဓာကိုယ် ကျန်းမာစေနိုင်တဲ့အပြင် ကယ်လိုရီနဲ့ အဆီဓါတ်များကို လျှော့ချပေးစေနိုင်စွမ်းရှိပါတယ်။

ချက်ပြုတ်စားရန် မျှစ်ကို ပြင်ဆင်ခြင်း

     မျှစ်ကို စားသုံးရန်ချက်ပြုတ်ပြင်ဆင်ဖို့မှာ မျှစ်ကို ညလုံးပေါက်ရေစိမ်ထားပြီးနောက် မိနစ် ၂၀ ခန့်အနည်းဆုံးပြုတ်ပေးရပါမယ်။ဒါမှ မျှစ်ရဲ့ အခါးအရသာများကို ဖယ်ရှားပေးရာ ရောက်ပါတယ်။ တစ်ခါပြုတ်ပြီး လျှင်တော့ မျှစ်ကို ချက်စားရန် အသင့်ဖြစ်ပြီဖြစ်ပါတယ်။

                                                                                                          ဂန္ဓမာ