၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း နယ်စပ်စခန်းများမှ ရော်ဘာတန်ချိန် သုံးသောင်းကိုးထောင်ကျော်တင်ပို့နိုင်

 

          နယ်စပ်စခန်းများမှ ရော်ဘာတင်ပို့မှုမှာ မြန်မာ-တရုတ်နယ်စပ်မှ အများဆုံးဖြစ်ပါတယ်။ မူဆယ်  (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် စခန်းမှ အများဆုံး တင်ပို့ပြီး တာချီလိတ်နဲ့မြိတ်စခန်းများမှလည်း ရံဖန်ရံခါ တင်ပို့ပါတယ်။ မတ်လအတွင်းမှာတော့ ကန်ဒေါ်လာ ၇ ဒသမ ၁၅၈ သန်းဖိုးရှိ ရော်ဘာ ၅၉၆၂ တန်ခန့် တင်ပို့နိုင်ပြီး အနီးစပ်ဆုံး ဖေဖော်ဝါရီလထက် တန် ၄၄၀ဝ ကျော်ပိုမိုတင်ပို့နိုင်ပါတယ်။ မတ်လအတွင်း စခန်းအလိုက် တင်ပို့နိုင်မှုများမှာ မူဆယ် (၁၀၅)မိုင်မှ RSS-3 ၃၄၁၄ တန် ၊ MSR -20 ၁၅၁၆ တန်နဲ့  MSR -50 ၁၂၆ တန်၊ ချင်းရွှေဟော်စခန်းမ RSS-3 တန် ၄၃၀ RSS-5 ၉၆ တန်နဲ့ MSR -50 တန် ၁၀ဝ ၊ မြိတ်စခန်းမှ RSS-3 တန် ၁၂၀ နဲ့ MSR -20 တန် ၁၆၀ အသီးသီး ဖြစ်ပါတယ်။

          ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စ ဧပြီလ ဒုတိယပတ်ထိမှာ ကန်ဒေါ်လာ ၂ ဒသမ ဝ၆၄ သန်းဖိုးရှိ ရော်ဘာ ၁၅၃၇ တန်ကျော်တင်ပို့ခဲ့ပြီး မူဆယ်(၁၀၅)မိုင်မှ RSS-3 ၈၉၅ တန်ခန့်နဲ့ MSR -20 ၃၁၃ တန် ၊ မြိတ်စခန်းမှ RSS-3 တန် ၁၀ဝ၊ MSR -20 တန် ၁၀ဝ၊ RSS-3 တန် ၃၀နဲ့ တာချီလိတ်မှ Latex 60%  တန် ၁၀ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိမှာ ကန်ဒေါ်လာ ၅၇ ဒသမ ၈၃၃ သန်းဖိုးရှိ ရော်ဘာ ၃၉၈၃၀ တန်တင်ပို့နိုင်ခဲ့ပါတယ်။

 

                                        ယဉ်ယဉ်အေး MIRT