သြင်္ကန်ကာလနှမ်းတင်ပို့မှုလျော့ကျ
၂၀၁၅ ခုနှစ် ဧပြီလ ၄ ရက်မှ ၂၀ ရက် သြင်္ကန်ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၀၉ သန်းတန်ဖိုးရှိ နှမ်းနက် ၇၂ တန်ခွဲနဲ့ ကန်ဒေါ်လာ သုညဒသမ ဝ၅၀ သန်းတန်ဖိုးရှိ နှမ်းဖြူ(အခွံချွတ်) ၂၈ တန်ခွဲတင်ပို့ခဲ့ပါတယ်။သြင်္ကန်ကာလဖြစ်တာကြောင့် မူဆယ်မှ နှမ်းတင်ပို့မှု သိသိသာသာ လျော့ကျသလို ချင်းရွှေဟော် နယ်စပ်စခန်းကနေ နှမ်းတင်ပို့မှု လုံးဝမရှိခဲ့တာတွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာတော့ ဧပြီလ ၃ ရက်က နှမ်းဖြူဈေးတစ်တန်ကို ၁၆၂၆၅၃၆ ကျပ်နဲ့ နှမ်းနက်ဈေး ၁၈၈၂၅၀၉ ကျပ် ရှိခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့မှာ နှမ်းဖြူတစ်တန် ၁၆၃၂၁၀၆ ကျပ်နဲ့ နှမ်းနက်တစ်တန် ၁၈၈၈၉၅၅ ကျပ်သို့ ဈေးအနည်းငယ် မြင့်တက်လာခဲ့ပါတယ်။မန္တလေး-မူဆယ်ကုန်စည်သယ်ယူခနှုန်းမှာလည်း နှမ်းတစ်ပိဿာကို (၁၀၂-၁၀၄)ကျပ်ရှိတာတွေ့ရပါတယ်။
မော်မော်အောင် MIRT