ကျန်းမာရေးနဲ့အာဟာရအတွက် အကျိုးပြုတဲ့မျှစ်
ဝါးပင်သည် မြက်မျိုးရင်းဝင် တစ်မျိုးဖြစ်ပြီး Bambusoideae မျိုးနွယ်စုဝင် ဖြစ်ပါတယ်။ အရှည်ဆုံးနဲ့ အကြီးဆုံး မြက်မျိုးနွယ်ဝင် တစ်ခုဖြစ်ပါတယ်။ အဆိုပါဝါးရဲ့ အစို့ဟာ အာဟာရအြွကယ်ဝဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အဆိုပါ ဝါးအစို့ကို မျှစ် လို့ခေါ်ဝေါ်ကြပါတယ်။
မျှစ်ဟာ အာရှနိုင်ငံများဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ အလွန်ထင်ရှား ကျော်ကြားလူကြိုက်များကြပါတယ်။တရုတ်နိုင်ငံ ရာဇဝင်အရ (Tang Dynasty) တန်မင်းဆက်ခေတ်ကစပြီး မျှစ်ကို စားသုံးခဲ့ကြတယ်လို့ သိရပါတယ်။
